ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူမှ ကျွဲ(၁ဝ)ကောင်ခိုးယူခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 646

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်စွယ်ဖြူ ကျေးရွာမှာလယ်သမားတစ်ဦးပိုင် ကျွဲ (၁ဝ) ကောင်ကို ယမန်နေ့ ညဉ့်အချိန်က ခိုးယူသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကျွဲများမှာ ကြောင်စွယ်ဖြူကျေးရွာမှ ဦးစောမြထွန်း (၇၄) နှစ်ပိုင်ဖြစ်ပြီး မြစ်ချေဝရှိ လယ်တဲတွင် ချည်နှောင်ထားရာမှ ခိုးယူသွားခြင်း ဖြစ်ကြောင်း ပိုင်ရှင်၏ သမီးဖြစ်သူ မစိန်ဝင်းမေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ဘယ်အချိန်ခိုးယူသွားတယ်ဆိုတာ မသိပါ။ အဖေကလည်း အသက်ကြီးနေပြီဆိုတော့ ညဉ့် အချိန်ဆို သွားလာရ တာ အဆင်မပြေပါ။ ကျွဲတွေကို ဒီလိုဘဲ လယ်တဲမှာ ချည်ပြီး မွေးတာပါ။ နို့စို့အရွယ် တစ်ကောင်ဘဲ ကျန်ပါတယ်။ ၁ဝ ကောင်စလုံးကို ယူသွားပါတယ်။ အတတ်နိုင်ဆုံး ကူညီတောင်းချင်ပါတယ်” ဟု သူမက ပြောသည်။

ခိုးယူခံရသည့် ကျွဲ(၁ဝ)ကောင်တွင် အမ (၄)ကောင်နှင့် အထီး (၆) ကောင်ဖြစ်ကြောင်း သိရသည်။

ဦးစောမြထွန်းက ၎င်းကျွဲ (၁ဝ)ကောင်၏ ကာလ ပေါက်စျေးမှာ ကျပ် သိန်း ၈ဝ ဖိုးခန့်ရှိကြောင်း၊ ကျွဲပျောက်သွားသော်လည်း ယခုအချိန်ထိ ကျောက်တော်မြို့ ရဲစခန်းသို့ သွားရောက် တိုင်ကြားခြင်း မရှိသေးကြောင်း ပြောကြားသည်။


ဆက်စပ် သတင်းများ