Preview
Preview

ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းသမားတစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေလိုဟု မိသားစုများပြော

စက်တင်ဘာ ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :853
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ စက်တင်ဘာ ၁၉/၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းသမားတစ်ဦး များမကြာမီက သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပက်သက်၍ အမှုမှန် ပေါ်ပေါက်ရန် မိသားစုမှ လိုလားလျက်ရှိကြောင်းသိ၇သည်။

သတ်ဖြတ်ခံခဲ့ရသူမှာ ကျောက်ဖြူမြို့နယ်၊ ကွမ်းချောင်းကျေးရွာအုပ်စု၊ မော်ဖျားကျေးရွာမှ ဦးဖြူချေ (၅၁ )နှစ်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၄ နာရီ၌ ကျေးရွာမှ တစ်မိုင်ခွဲအကွာ တောင်ခလားမြစ်တွင် သားဖြစ်သူနှင့်အတူ ငါးဖမ်းပိုက်ချနေစဉ် အမည်မသိ လူတစုမှ စက်လှေ ၂ စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သေဆုံးသူ၏ သမက်ဖြစ်သူ ကိုချစ်မောင်က “ ဒီလ ၁၄ ရက်နေ့မနက်က အမည်မသိလူတွေက ဖမ်းသွားတာပါ။ ၁၆ ရက်နေ့မှာ ဖမ်းခေါ်သွားတဲ့ မြစ်အတွင်းမှာ အလောင်းပြန်တွေ့တာပါ။ ဖမ်းသွားတဲ့လူတွေက မြေပုံ ကမ်းထောင်းကြီး ဘက်ကို စက်လှေနဲ့ မောင်းပြေးသွားကြတယ်လို့ သိ၇တယ်။ စက်လှေ တစ်စီးစီမှာလူ ၅ ယောက်လောက်ပါတယ်။ စက်လှေက ၂ စီးပါ။ အလောင်းက မြေကျသွားတာ နှစ်ရက်ရှိပါပြီ။ အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးစေလိုပါတယ်။ ရင်ထဲမှာ မဆန့်အောင်လည်း ခံစားရပါတယ်” ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့မွန်းလွဲ ၁နာရီတွင် အဆိုပါ မြစ်အတွင်းတွင် ဦးဖြူချေ၏ အလောင်းအားရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်
အဆိုပါ သေဆုံးသွားသူ၏ အလောင်းအားပြန်တွေ့သည့်ချိန်တွင် ခန္ဓာကိုယ်အနှံ့အပြားတွင်ဓားဒဏ်ရာ ၁၁ ချက်ပါရှိကြောင်း မိသားစုများက ပြောသည်။

အဆိုပါမှုကိစ္စနှင့်ပက်သက်၍ ကျောက်ဖြူမြို့နယ်ကွမ်းချောင်းရဲကင်းစခန်းမှ စခန်းမှူးရဲအုပ်ဟန်ထွန်းအောင်က “ဓားဒဏ်ရာ ၁၁ ချက်ပါတယ်။ အခုက စုံစမ်းတုန်းပါ။ အကြမ်းဖက် ပုဒ်မ ၅၀(က)/ ၅၂(က)/၅၄ နဲ့အမှုဖွင့် ဆောင်ရွက်နေတာရှိပါတယ် ” ဟုနိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၇ခိုင်ပြည်နယ်တွင် ယခုလအတွင်း စက်တင်ဘာ ၉ရက်နေ့က အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ  ဦးခိုင်ဆိုသူသည် သူ၏ နေအိမ်တွင် မိသားစုနှင့် အတူအိပ်နေစဉ် အမည်မသိ လူတချို့မှ ဓားဖြင့်လုပ်ကြံသတ်ဖြတ်မှုကြောင်း သေဆုံးခဲ့၇သည်။

စက်တင်ဘာလ ၁၀ ရက်နေ့၌လည်း ကမ်းထောင်းကြီးမြို့နယ်ဈေးအတွင်းတွင် ကမ်းထောင်းကြီးမြို့ခံ ဦးညီညီထွေးနှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာသားနှစ်ဦးအား ခေါင်းဖြတ် သတ်ဖြတ်ခံခဲ့၇သည့် အပြင် စက်တင်ဘာ ၁၄ ရက်နေ့တွင်လည်း အမ်းမြို့နယ် ရူးစံပြကျေးရွာမှ ဦးမျိုးနိုင်ဆိုသူအားအမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.