Preview

လယ်တဲမှ ကျွဲခုနှစ်ကောင်ကို ဘင်္ဂလာဒေ့ရှ်ဘက်က ဘုတ်ကြီးဖြင့်ဝင်ခိုးဟုဆို

စက်တင်ဘာ ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :8799
မှုခင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂၂/၂၀၁၉

ရခိုင်ပြည်နယ်၊ ကုလားတန်မြစ်အရှေ့ဘက်ခြမ်း၊ မြောက်ဦးမြို့နယ်၊ လေညှင်းသာကျေးရွာမှ ကျွဲ ရ ကောင်ကို  ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ ဘုတ်ကြီးတစ်စီးဖြင့် ယနေ့ နံနက် ညဉ့်အချိန်က ဝင်ရောက်ခိုးယူသွားကြောင်း ရွာသားများက ပြောသည်။

ဦးလှအောင်ဖြူ (၄၅)နှစ်တွင် ကျွဲ ၉ ကောင်ရှိရာတွင် ရ ကောင်ခိုးယူခံ၇ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဒီနေ့ မနက် အလယ်ကျွန်းလယ်တဲကနေ ခိုးယူသွားတာပါ။  ညဉ့် ၁ နာရီလောက်မှာလို့ ခန့်မှန်းပါတယ်။ စက်လှေထက်ကြီးတဲ့ ဘုတ်နဲ့ ဖြစ်ဖို့များပါတယ်။ ဘုတ်သံကြားရပေမယ့် ညဉ့်မထွက်ရဆိုတော့ ဘယ်သူမှ မြစ်ကမ်းနားကို သွားမကြည့်ရဲဘူး။ ဘင်္ဂလာဒေ့ရှ်ဘက်ကို ယူသွားမယ်လို့ ထင်ပါတယ်” ဟု သူ၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ယခုအခိုးခံ၇သည့် ကျွဲများ၏ တန်ဖိုးမှာ သိန်း ၅၀ ကျော်ဖိုးရှိကြောင်း ပိုင်ရှင်ဖြစ်သူ ဦးလှအောင်ဖြူက ပြောသည်။

“ ကျွန်တော်တို့က ဒီကျွဲတွေနဲ့ ဘဲ လုပ်စားနေတာပါ။ ၉ ကောင်ရှိတာမှာ ရ ကောင် အခိုးခံရပါတယ်။ ရဲကိုလည်း မတိုင်ဖြစ်ပါ။ အခုကတော့ အခက်အခဲတွေ အများကြီးဖြစ်သွားပါပြီ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကျွဲနွားများကို ဒုစရိုက်ဂိုဏ်းများက တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ ဘုတ်ကြီးများဖြင့် အခွင့်သာသလို  ခိုးယူနေကြသည်ဟု ဒေသခံများက ပြောကြားသည်။

အလားတူ ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူကျေးရွာမှ  ဦးစောမြထွန်း (၇၄) နှစ်ပိုင် ကျွဲ ၁၀ ကောင်လည်း စက်တင်ဘာ ၁၇ ရက်နေ့ ညဉ့်အချိန်က ရွာအနီးရှိ  မြစ်ချေ၀လယ်တဲတွင် ချည်နှောင်ထားရာမှ ခိုးယူခံခဲ့ရသည်။

ကျွဲနွားသူခိုးဂိုဏ်းများသည် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ညဉ့်မထွက်ရ အမိန့်ထုတ်ပြန်ထားသည်ကို အခွင့်ကောင်းယူကာ မြစ်ကမ်းနားနှင့် နီးသည့် ကျေးရွာများမှ ကျွဲနွားများကို ဘုတ်ကြီးများဖြင့် ဝင်ရောက်ကာ ခိုးယူနေကြသည်ဟု သတင်းရရှိသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.