Preview

ဂွမြို့တွင် စိတ်ဖောက်ပြန်သူတစ်ဦး သစ်ပင်ပေါ်က ပြုတ်ကျသေဆုံး

စက်တင်ဘာ ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :10159
မှုခင်း သတင်း

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၅/၂၀၁၉

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ဂွမြို့၊သိမ်ကုန်းရပ်ကွက်တွင် ယမန်နေ့  ညဉ့် ၁၀ နာရီကျော်က စိတ်ဖောက်ပြန်နေသူ တစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဂွမြို့၊သစ်ကောက်ကျေးရွာအုပ်စု၊ဘိုမင်းကျေးရွာနေ ဦးသန်းလင်း အသက်(၄၃) နှစ်ဖြစ် ကြောင်း သိ၇ပြီး ၄င်းတည်းခိုနေထိုင်ရာ သိမ်ကုန်းရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်လုံး၏ အနောက်ဘက်ရှိ ပေ ၃၀ မြင့်သော ဗာဒံပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

ဂွမြို့မှ လူမှုရေးဆောင်ရွက်သူ ကိုကျော်မြင့်နိုင်က  “ မနေ့က သူအိမ်မှာ နေရင်းနဲ့ သူ့ကိုဖမ်း ဖို့လာတယ်ဆိုပြီးတော့ ပါးစပ်ကအော်ပြီးတော့ သူ့လည်ပင်းသူ ဓါးနဲ့လှီးတယ်တဲ့။ဓါးကလည်း သိပ်မပြတ်ဘူး။မပြတ်တော့ အပေါ်ယံ အရေပြားလောက်ပဲ ပြတ်သွားတယ်လေ။အဲဒီအချိန်မှာ သူ့အဖေက လက်ကို လိုက်ဆွဲတော့ သူ့အဖေရဲ့ လက်ကို တွန်းထုတ်ပြီး အိမ်နောက်ဘက် သစ်ပင်တောထဲ ပြေးသွားတယ်။အဲ့ဒီက ဗာဒံပင်ပေါ်တက်တယ်။ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့၊အုပ်ချုပ်ရေးမှူးတွေက တားဖို့ရောက်နေကြတယ်။ သူစိတ်လန့်သွားမှာ ကြောက်လို့ ကျွန်တော်တို့တွေ ခဏရှောင်ပေးတယ်။အဲဒီစပ်ကြားမှာပဲ အပင်ပေါ်က ပြုတ်ကျပြီးသေသွားတယ်”   ဟု နိရဥ္စရာ ၇ခိုင်သတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ဦးသန်းလင်းသည် ၄င်း၏ သမီး ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူရန်အတွက် ဂွမြို့သို့ ရောက်ရှိနေချိန်တွင် စိတ်ဖောက်ပြန်၍ မိမိလည်ပင်းကို ဓါးဖြင့် လှီးကာ သေကြောင်းကြံစည် ခဲ့သည်ဟု သိ၇သည်။

ထိုသို့ စိတ်ဖောက်ပြန်နေချိန်တွင် အိမ်နောက်ဘက်  သစ်ပင်ပေါ်တက်သောရာမှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း  ကိုကျော်မြင့်နိုင်က ဆက်ပြောသည်။

ဦးသန်းလင်း၏ အလောင်းအား ယနေ့ နေ့လယ် ၂ နာရီတွင် ဂွမြို့သုသာန်၌ သင်္ဂြိုလ်ခဲ့သည်ဟု  သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.