Preview

စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် စိတ်မနှံ့သူအမျိုးသမီးတစ်ဦး မီးရှို့၍ ကျူးကျော်နေအိမ်တစ်လုံးမီးလောင်

အောက်တိုဘာ ၀၆/ ၂၀၁၉ | ကြည့်ရှုသူ :4539
မှုခင်း သတင်း
ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ဗျိုင်းဖြူရွာသို့ သွားလမ်း၊ ဆီဆိုင်တန်းအနီး ကျူးကျော်မြေနေရာတွင် ယနေ့ညနေ၈ နာရီ ခွဲခန့်တွင် အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါအိမ်မှာ ပိုင်ရှင်မဲ့ အိမ်ဖြစ်ပြီး စိတ်မနှံ့သူ အမျိုးသမီးတစ်ဦး နေထိုင်ကြောင်းသိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် စက်ရုံစု ရပ်ကွက် အုပ်ချုပ်ရေးမှူးက " အိမ်က လူမနေပါဘူး။ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ဦးက တက်နေတာပါ။ ဒီညနေ ဓာတ်ဆီသွန်ပြီး အိမ်ကို မီးရှို့တယ်လို့ အနီးနားက လူတွေကပြောတယ်"ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ စစ်တွေမြို့မ ရဲစခန်းမှတာဝန်ရှိသူ ရဲအရာရှိများ ရောက်ရှိ လာခဲ့ပြီး အဆိုပါစိတ်မနှံ့သူ အမျိုးသမီးအား နောင်တွင်အလားတူ ဖြစ်ရပ်မျိုး မဖြစ်အောက် ကြည့်ရှု ထိန်းသိမ်းရန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုကိစ္စအား ပြည်နယ် မီးသတ်တပ်ဖွဲ့မှတာဝန်ကျ အရာရှိ က" မီးကငြိမ်းသွားပါပြီ။ ဘာမှမဖြစ်ပါဘူး။ စိတ်မနှံ့တဲ့သူဆိုတော့ အရေးယူလို့လည်းမရဘူး။ သူ့ကိုလွှတ်ပေးလိုက်ပါတယ်"ဟု ပြောသည်။

စစ်တွေမြို့မ ရဲစခန်းမှ တာဝန်ရှိသူများကလည်း  စိတ်မနှံ့သူ အမျိုးသမီးအား အရေးယူမှုများပြုလုပ်မည်မ ဟုတ်ကြောင်း ပြောကြားသည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.