Preview

မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၄သိန်း နီးပါး ဖမ်းဆီးရမိ

အောက်တိုဘာ ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :2397
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၉ /၂၀၁၉

၇ခိုင်ပြည်နယ်မောင်တောမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲက အမျိုးသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းနီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သိ၇သည်။

မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ယူနိုက်တက်(United) တည်းခိုခန်းအရှေ့နှင့် မြို့မအနောက်ရပ်ကွက် ဆက်သွယ်ရေး လမ်းဆုံတို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိ၇သည်။

အောက်တိုဘာ ၁၈ ရက်နေ့ည ၁၀နာရီခွဲအချိန်တွင် မြို့မအရှေ့ရပ်ကွက် ယူနိုက်တတ် တည်းခိုခန်းအရှေ့မှ မောင်ဝေယံလင်း( ၂၄)နှစ် အား ၄င်းမောင်းနှင်လာသောဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်တွင် တင်ဆောင်လာသော WY  နှင့် R စာတန်းပါ စိတ်ကြွဆေးပြား  (၂၁၈၅၀၀)ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု သိ၇သည်။

အလားတူ မြို့မအနောက်ရပ်ကွက် ဆက်သွယ်ရေးလမ်းဆုံတွင် မောင်အောင်မင်းနိုင်(၂၂)နှစ် မောင်းနှင်လာသောဆိုင်ကယ်မှ  WY  နှင့် R စာတန်းပါ စိတ်ကြွဆေးပြား  (၁၈၀၅၀၀)ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ဖမ်းမိတာဟုတ်ပါတယ်။ ဆေးပြား သုံးသိန်း ကိုးသောင်းကျော်ပါ။ သတင်းအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မောင်တောက ရဲတပ်ဖွဲ့တွေ မှုးယစ်အဖွဲ့တွေပေါင်းဖမ်းကြတာပါ”ဟု မောင်တောမြို့နယ် အုပ်ချူပ်ရေးမှူး ဦးငွေထွန်းက နိရဥ္စရာ သတင်းဌာနအား အတည်ပြုပြောကြားသည်။

ဖမ်းဆီး၇မိသော စိတ်ကြွဆေးပြားများမှာ ဒေါ်အေးခိုင်ဇင်(၄၉)နှစ်ဆိုသူမှ သယ်ဆောင်ခိုင်းခြင်းဖြစ်သည်ဟု သတင်းရရှိသဖြင့်  ဒေါ်အေးခိုင်ဇင်အား မြို့မအရှေ့စံပြရပ်ကွက် ဘောလုံးကွင်း ရှေ့လမ်းတွင် သွားရောက် ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။

အဆိုပါ အမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကိုင်တွယ်လျက် အမှုဖွင့် ဆောင်ရွက်နေကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးငွေထွန်းကပြောသည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.