Preview

ဘူးသီးတောင်မှ ပျောက်ဆုံးနေသူအလောင်း ချောင်းကမ်းစပ် အမှိုက်ပုံတွင်တွေ့ရှိ

အောက်တိုဘာ ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :611
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၁၉

၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက် တောင်ချေရွာမှ ပျောက်ဆုံးနေသူအမျိုးသားတစ်ဦး၏ အလောင်းအား ယနေ့ ပြန်လည်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များထံမှ သိ၇သည်။

ပျောက်ဆုံးသွားသူမှာ ဦးကျော်သိန်း၏ သား ကိုကျော်ဆန်းနိုင်(၃၄)နှစ်ဖြစ်ပြီး  အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီက နေအိမ်က ထွက်သွားပြီး ပြန်မရောက်ဘဲရှိနေရာ ယနေ့အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ တွင် မြို့နှင့် ၃ မိုင်ခန့်အကွာ သံခြေကျေးရွာ ချောင်းကမ်းစပ်တွင် ၄င်း၏ အလောင်းကို တွေ့ရှိရ ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျွန်တော့် အစ်ကို အလောင်းကို ပြန်ရပါပြီ။ သံခြေရွာ ချောင်းနားက အမှိုက်ပုံမှာ မှောက်လျက်တွေ့တာပါ။ အစက အဲဒီရွာကလူတွေက အလောင်းတစ်လောင်းတွေ့တယ်ပြောလို့သွားကြည့်တာပါ။ ကျွန်တော့်အစ်ကို ဟုတ်ပါတယ်။ အခု သူ့အလောင်းကို သယ်လာပါပြီ။ ”ဟု ၄င်း၏ ညီဖြစ်သူ ကိုထူးကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အလောင်းအား တွေ့ရှိသော သံခြေကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်အခြေစိုက်သော နေရာနှင့် နီးသောကြောင့် ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အမှုအား ၄င်းတို့ကိုင်တွယ်ခြင်းမရှိဘဲ နယ်ခြားစောင့်တပ်မှသာ ကိုင်တွယ်မည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ဘာမှ မသိပါဘူး။ အဲဒီနားမှာ နယ်ခြားစောင့်တပ်ရှိတာကြောင့် သူတို့ကိုပဲ မေးရပါမယ်”ဟု ဘူးသီးတောင် ရဲစခန်းမှ ဒုရဲအုပ် မျိုးသူရက ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ကိုကျော်ဆန်းနိုင်မှာ အောက်တိုဘာလ ၂၀ ရက်နေ့က ပျောက်ဆုံးသွားပြီး နှစ်ရက်ခန့်အကြာ ယနေ့တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်မှာ   မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“ သူက အရက်သောက်ရင် စိတ်ပုံမှန်မဟုတ်တော့ တွေ့ရှိတဲ့လူတွေက အကြောင်းကြားနိုင်အောင် လူမှု စာမျက်နှာပေါ်မှာ ကျွန်တော်ကိုယ်တိုင် အကူညီတောင်းထားတယ်။  ဒီနေ့အလောင်းတွေ့ သွားတယ်ပေါ့။ အမှိုက်ပုံမှာ တွေ့တာဆိုတော့ သိပ်မင်္ကာဘူး” ဟုပြောသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.