Preview

စစ်တပ်ကဖမ်းခေါ်သွားသည့် မြေပုံမြို့နယ်ချောင်းကြီးကျေးရွာသား၂ဦး ပြန်လွတ်လာ

အောက်တိုဘာ ၂၃/ ၂၀၁၉ | ကြည့်ရှုသူ :2019
မှုခင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၁/၂၀၁၉

အောက်တိုဘာ ၂၁ ရက်နေ့ နံနက်က စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ရွာသားနှစ်ဦး ပြန်လွတ်လာပြီဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ ချောင်းကြီးကျေးရွာ ကမ်းလမ်းဘေးရှိ ရတနာထွန်း ထမင်ဆိုင်ပိုင်ရှင် ဦးထွန်းမြင့် (၅၁) နှစ်နှင့် ကိုနိုင်လင်း ( ၂၉ )နှစ် တို့ဖြစ်ကြသည်။

“ မသင်္ကာလို့ ကမ်းနီအခြေစိုက် တိုင်းဗဟို ၉ ကို ဒီလ ၂၁ ရက်နေ့က ခေါ်သွားတယ်။ မနေ့ ညနေပိုင်းမှာတော့ ခံဝန်နဲ့ လွတ်ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ချောင်းကြီးကျေးရွာလူကြီး တစ်ဦးက ပြောသည်။ 

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကကလည်း သူတို့ နှစ်ဦးကို အောက်တိုဘာ  ၂၁ ရက်နေ့ နံနက် ၆ နာရီလောက်က သူတို့ နှစ်ဦးကို စစ်တပ်က ဖမ်းခေါ်သွားခြင်းကို အတည်ပြုထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.