Preview

မောင်တောတွင် စိတ်ကြွဆေးပြား ၁၆၅၇၅၀ ပြား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :4235
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၄/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လသာကျေးရွာအနီး လယ်ကွင်းပြင်တွင် WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၇၅၀ ပြား ပိုင်ရှင်မဲ့ဖမ်းဆိးရမိခဲ့ကြောင်း သတင်ရရှိသည်။

အဆို စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ ခန့်က လုံခြံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ လသာ(အောက်)ကျေးရွာ အရှေ့ဘက် လယ်ကွင်းပြင်တွင် ဆာလာအိတ်ဖြင့်ထုတ်ပြီး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းမှ ဂတ်စာရေး ဦးဘလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“လသာကျေးရွာရဲ့အရှေ့ဘက် ကိုက် ၅၀ လောက်အကွာ လယ်ကွင်းပြင်မှာတွေ့တာပါ။ ကွင်းပြင်ကတွေ့တာဖြစ်လို့ ပိုင်ရှင်ကိုတော့ မမိသေးဘူး။ အမှုတော့ဖွင့်ထားပါတယ်။ ပိုင်ရှင်ကို စစ်ဆေးစုံစမ်းဖို့အတွက် မောင်တောရဲစခန်းမှာ အမှုဖွင့်ထားတာပါ” ဟု ဂတ်စာရေးဦးဘလှက ပြောသည်။

ထိုဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်စိစစ်ဆဲ မူယစ်ဆေးဝါးများအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ) ၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မောင်တောမြို့မရဲစခန်းက ပြောသည်။

ဖမ်းဆီး၇မိခဲ့သည့် WY/Rစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား၏ ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၃၃၀၀ ကျော်ခန့်ရှိမည် ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.