Preview

စစ်တွေမြို့နယ်တွင် စိတ်ကြွဆေးပြား ၅သိန်းနီးပါးဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၁/ ၂၀၁၉ | ကြည့်ရှုသူ :2110
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁၁ / ၂၀၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာတွင် ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်အချိန်က WY စာတန်းပါ စိတ်ကြွဆေးပြား ၅ သိန်းနီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယင်း စိတ်ကြွဆေးပြားများကို ရေချမ်းပြင်ကျေးရွာဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာသို့ ထွက်ခွာမည့် “သစ်ဆန်း” ဇက်ရေယာဉ်ပေါ်တွင် တင်ဆောင်မည့်  “ 7C/****TOYOTA Harrier” ကားပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 
“ဆေးပြားတွေ ဖမ်းဆီးရမိတာဟုတ်ပါတယ်။ ရေချမ်းပြင်ရဲစခန်းကဖမ်းတာပါ။ ကျွန်တော်တို့က နောက်က လိုက်သွားတာပါ။ ရေချမ်းပြင် စခန်းကို အသေးစိတ်မေးပါ”ဟု စစ်တွေမြို့နယ် ရဲစခန်းမှ နယ်ထိန်း မောင်မောင်သန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရမိခဲ့သည့်  စိတ်ကြွဆေးပြား အရေအတွက်မှာ  (၄၇၅၀၀၀ )ပြား ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး ရေချမ်းပြင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ သည်မှာ ဟုတ်မှန်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများ ပိုင်ရှင် (စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

--------------------------

Unicode:



နိရဉ်စရာ ၊ ဒီဇငျဘာ ၁၁ / ၂၀၁၉


 




မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.