Preview

မြောက်ဦးတွင် လူသတ်မှုဖြစ်

ဇန်နဝါရီ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :859
မှုခင်း သတင်း

နောင်ခိုင်အောင်

နိရဥ္စရာ၊ ဇန်နဝါရီ၊ ၂ /၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ လော်ဂမူရပ်ကွက်တွင် ယနေ့နံနက်က ဓားခုတ်မှုတစ်ခုဖြစ်ပွား၍ လူတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
 
သေဆုံးသူမှာ မြောက်ဦးမြို့ လော်ဂမူရပ်ကွက်နေ ဦးစံသိန်းမောင်(၄၅ နှစ်)ခန့် ဖြစ်ကြောင်း သိ၇သည်။
 
သူသည် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အိမ်နီးချင်းဖြစ်သူ ဦးကျော်အေးမောင်(၄၅) နှစ် အရွယ်ခန့်နှင့် အချင်းချင်း အချင်းများရာမှ အဆိုပါရပ်ကွက်ရှိ အလယ်တန်းကျောင်းရှေ့တွင် ဓားဖြင့်အခုတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
 
“သူတို့က အိမ်နီးချင်းတွေပါ။ ကျနော်တို့နဲ့လည်း အိမ်နီးနားချင်းတွေပါ။ သူတို့က ခဏခဏရန်ဖြစ်ကြတယ်။ ခုတ်တာကတော့ ဓါးနဲ့ခုတ်တာ။ ပြီးတော့ ဒေါသနဲ့ခုတ်တာဆိုတော့ အပိုင်းပိုင်းဖြစ်သွားသလိုပဲ”ဟု လော်ဂမူရပ်ကွက်မှ မျက်မြင်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
သေဆုံးသွားသူနှင့် ဓားဖြင့်ခုတ်သူတို့သည် အိမ်ချင်းကပ်နေသူများဖြစ်ကြပြီး ဈေးဆိုင်လည်း ကိုယ်စီ ဖွင့်လှစ် ရောင်းချနေသူများဖြစ်ကာ မကြာခဏ ရန်ဖြစ်နေကြသူများဖြစ်သည်ဟုလည်း ရပ်ကွက်အတွင်းရှိ အိမ်နီးနားချင်းများက ပြောသည်။
 
ယခုကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်သော်လည်း အလုပ်များနေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
 
ဆက်လက်ပြီး မြောက်ဦးရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်သော်လည်း ဖြေဆိုခြင်းမရှိခဲ့ပါ။

---------------------------

Unicode:


 

နိရဉ်စရာ၊ ဇနျနဝါရီ၊ ၂ /၂၀၂၀

 
 
 
 
 
 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.