Preview

ကျောက်ဖြူတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး၍ ရဲလက်ကိုအပ်

ဇန်နဝါရီ ၁၁/ ၂၀၂၀ | ကြည့်ရှုသူ :1321
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁/ ၂၀၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် သက်ငယ် မုဒိမ်းမှု ကျူးလွန်သည့် တရားခံတစ်ဦးကို ဒေသခံများ ဝိုင်းဝန်း ဖမ်းဆီးပြီး ရဲလက်ကို အပ်လိုက်ကြောင်း သတင်းရရှိသည်။

ကျူးလွန်သူမှာ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်နေ နိုင်မင်းထွန်း (၂၉)နှစ် ဖြစ်သည်။

၎င်းတရားခံသည် ကျောက်ဖြူမြို့ ပြင်ဖြူမော် ရပ်ကွက်မှ ပထမတန်းတွင် ပညာသင်ကြားနေသည့် မိန်းကလေးငယ် တစ်ဦးအား ဖျားယောင်းခေါ်ဆောင်ပြီး သက်ငယ် မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ပြင်ဖြူမော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“ ကလေးက လမ်းပေါ်မှာ ဆော့နေတယ်။ အဲဒါကို တရားခံက မုန့်စားမယ်ဆိုပြီး ခေါ်ပါတယ်။ အဲဒီလမ်းမနဲ့ ပေ ၅၀ လောက်ဝေးတဲ့ အရင်က ကုလားတွေ နေခဲ့တဲ့ ခြံကိုခေါ်သွားပြီး ကလေးကို အဓ္ဓမကျင့်တာပေါ့နော်။ မင်္သကာလို့ လူနှစ်ယောက်က အဲဒီနားကို သွားကြည့်တော့ တရားခံကို အင်္ကျီတွေ ချွတ်ပြီး တွေ့တယ်။ တရားခံက ထွက်ပြေးတော့ လိုက်ဖမ်းကြတာပါ” ဟု သူက ဆိုသည်။

တရားခံမှာ ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စု တန်းတင်ကျေးရွာမှဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်တွင် ရေလုပ်ငန်းလုပ်ကိုင်၍ တစ်နှစ်ခန့်ကြာ နေခဲ့ပြီဖြစ်ကြောင်း၊ ကျောက်ဖြူမြို့မ ရဲစခန်းတွင် ၄င်းအား ဖမ်းဆီးထားပြီး မိန်းကလေးငယ်၏ မိခင်ဖြစ်သူမှာ တရားစွဲဆိုထားကာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရမန်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ အမျိုးသမီး ကလေးငယ်မှာ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ ဦး--- နှင့် ဒေါ်------ တို့၏ သမီး (ရ) နှစ် အရွယ် သမီးဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က တရားခံအား ဖမ်းဆီး၇မိစဉ် ၄င်းမှာ ကျောက်ဖြူမြို့ သန်ပန်ချောင်း ရပ်ကွက်မှ ဦးမောင်ကြီးဆိုသူလည်း သူနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အဓ္ဓမပြုကျင့်နေစဉ် တွေ့ရှိခဲ့သည့် မျက်မြင်များနှင့် မိန်းကလေးငယ်အား မေးမြန်းရာ တရားခံ ဦးနိုင်မင်းထွန်းတစ်ဦးတည်းသာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြောင်း ဦးခင်မောင်ထွန်းက ဆက်ပြောသည်။

“ကလေးကို မေးတော့ ပြစ်မှုကျူးလွန်တာက အဲဒီတရားခံ တစ်ယောက်တည်းပဲလို့ ဖြေပါတယ်။ ကလေးမှာ ဒဏ်ရာ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နေပါတယ်။ အဲဒီလူ ရိုက်နှက်ထားလို့ပေါ့နော်။ မျက်နှာလည်း ယောင်ယမ်းနေပါတယ်။ ကလေးကို ကျောက်ဖြူဆေးရုံကို တင်လိုက်ရပါတယ်။ ဆေးရုံမှာ ဆေးစစ်ထားပါတယ်။” ဟု ပြင်ဖြူမော်ရပ်ကွက်မှ ဒေသခံတစ်ဦးကလည်း နိရဥ္စရာသို့ ပြောသည်။

တရားခံ ဦးနိုင်မင်းထွန်းက ၄င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆိုသည့် ဦးမောင်ကြီးဆိုသူအား ဖမ်းဆီးစစ်ဆေးရာ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့်အတွက် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံအား ကျောက်ဖြူမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၁၁၄ ဖြင့် တရားစွဲအမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၁/ ၂၀၂၀











မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.