Preview

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမတွင် လျှပ်စစ်မီးတိုင်သယ်သည့် ယာဉ်တိုက်၍ အမျိုးသမီးတစ်ဦးသေဆုံး

ဇန်နဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :6438
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာဇန်နဝါရီ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီး ရန်ကုန်-စစ်တွေ အဝေးပြေး လမ်းမကြီး၌ ယမန်နေ့နေ့လယ် ၃နာရီခွဲခန့်တွင် ယာဉ်တိုက်မှုဖြစ်၍ အမျိုးသမီး တစ်ဦးသေဆုံးကြောင်း သိရသည်။

သေဆုံးသူမှာ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ဒေါ်အေးနုဖြူ (၆၈)နှစ်ဖြစ်ပြီး လျှပ်စစ်ဌာနမှ မီးတိုင်လာစိုက်သော ကားဖြင့်တိုက်မိခြင်းဖြစ်ကြောင်း မိသားစုများမှသိရသည်။

" အမြင့်ကျွန်းရွာဘေးက ချီလည်ပင်းရွာက သူ့သားအိမ်ကိုသွားတာပါ။ နေရာမှာတင်ပွဲချင်းပြီးသေတာပါ။ ခြေထောက် နှစ်ဖက်လုံးပြတ်သွားတယ်။ ဦးခေါင်းတခုလုံးလည်းကြေမွသွားတယ်။ ကြည့်စရာမြင်ရက်စရာ မကောင်းအောင်ပါ။ စီးလာတဲ့ကားပေါ်ကဆင်းပြီး လမ်းဖြတ်ကူးတဲ့အချိန်မှာ တိုက်သွားတာပါ။ မီးတိုက်လာစိုက်တဲ့ ကရိန်းပါတဲ့ ကားမျိုးနဲ့ပါ" ဟု ကြွီတဲကျေးရွာအုပ်ချုပ်ရေးမှူး ကပြောသည်။

တိုက်သော ကား ဒရိုင်ဘာကိုလည်း အမြင့်ကျွန်းရဲစခန်းမှ ဖမ်းဆီးထားပြီ ဟု ၎င်းအုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ဆက်လက် ပြောဆိုသည်။

သေဆုံးသူ၏ အလောင်းအားစစ်တွေဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။

"တိုက်တဲ့ကားက ကုန်ကား အမျိုးအစားပါ။ မီးတိုင်လာစိုက်တဲ့ ကားဆိုပေမယ့် ကျွန်တော်တို့က ခြောက်ဘီး ကုန်ကား အမျိုးအစားထဲ ပါတဲ့အတွက် ကုန်ကားအနေနဲ့သတ်မှတ်ထားပါတယ်"ဟု အမြင့်ကျွန်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖမ်းဆီးခံထား၇သူ ယာဉ်မောင်းမှာ ဦးသက်နိုင်ဦး (၃၃)နှစ် ဖြစ်ပြီး ၎င်းအား အမြင့်ကျွန်းရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၄/က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိ၇သည်။

--------------------------

Unicode:



နိရဉ်စရာဇနျနဝါရီ ၁၃/၂၀၂၀








#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.