စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းလေးထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂သိန်းနီးပါး ဖမ်းဆီးမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့တွင် ကာလပေါက်စျေး ငွေကျပ် သိန်းလေးထောင်နီးပါး တန်ဖိုးရှိသည့် WY စိတ်ကြွ ဆေးပြား (၂) သိန်းနီးပါး ဖမ်းဆီးရမိကြောင်း သတင်းရရှသည်။

၎င်းဆေးပြားများကို မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ ဆေးရုံကြီး နောက်တွင် ဇန်နဝါရီ ၁၄ ရက် ည ၇နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြေင်း မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတင်းအရ မောင်တောမြို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် (RKE-15U/****) အမျိုးအစား တုတ်တုတ်(ခေါ်) သုံးဘီးဆိုင်ကယ်တစ်စီး ဖြတ်မောင်းပြီး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာမှ ဆေးပြားများကို ရှာဖွေ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုင်ကယ်မောင်းလာသူမှာ ကိုယ်လွတ်ထွက်ပြေးသွားခဲ့ကြောင်း၊ သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်များအား ရှာဖွေရာ အိတ်များအတွင်းမှ  WY ( R) အမျိုးအစား စိတ်ကြွဆေးပြား ၁၉၄၆၁ဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

“မနေ့က သတင်းရလို့ ဖြတ်သွားဖြတ်လာ ယာဉ်တွေကို လိုက်စစ်ကြတာပါ။ ပိုင်ရှင်က အထုပ်ကို ထားပြီး ပြေးသွားတာပါ။  သုံးဘီးဆိုင်ကယ်နဲ့ စစ်နေတဲ့ အချိန်မှာ မရပ်ဘဲဖြတ်မောင်းတော့ နောက်ကနေလိုက်ကြရာမှာ သုံးဘီးဆိုင်ကယ် မောင်းတဲ့လူကို မတွေ့ လိုက်ရဘဲ အဲဒီ သုံးဘီးဆိုင်ကယ်ပေါ်က ဆေးပြားတွေကို မိတာပါ။ ကာလပေါက်စျေးက တစ်ပြား ကျပ် ၂ဝဝဝ ကျော်ဆိုတော့ စုစုပေါင်း သိန်း လေးထောင်ကျော်ဖိုးရှိပါတယ်”ဟု မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ဆေးပြားသယ်ယူလာသည့်  သုံးဘီးဆိုင်ကယ် မောင်းနှင်သူအမျိုးသားအား စိစစ်နေပြီး မောင်တောမြို့မ ရဲစခန်းတွင် မယ(ပ) ၁/၂ဝ၂ဝ၊ မူး/ စိတ်ပုဒ်မ၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၅/ ၂ဝ၂ဝ







ဆက်စပ် သတင်းများ