Preview

ဆိုင်ကယ်မတော်တဆဖြစ်၍ Rakhine United FC ဘောလုံးသမားတစ်ဦး ဒဏ်ရာပြင်းထန်စွာရပြီး ဆိုင်ကယ်ပေါ်အတူပါလာသူ အမျိုးသမီးသေဆုံး

ဇန်နဝါရီ ၂၇/ ၂၀၂၀ | ကြည့်ရှုသူ :2313
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Rakhine United FC ဘောလုံးသမားတစ်ဦး ဆိုင်ကယ်မတော် တဆဖြစ်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ သူနှင့်အတူပါလာသူ အမျိုးသမီးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာ၇သူ အဆိုပါ ဘောလုံးသမားမှာ ကျောနံပါတ်၂၁ တောင်ပံကစားသမား ကိုဇော်သိန်းဝင်း(၂၃ နှစ်) ဖြစ်ပြီး သေဆုံးခဲ့သူမှာ အမ်းမြို့နယ်မှ မခိုင်ခိုင်ဖြစ်သည်။

“မနေ့က ပွဲနိုင်တော့ night out ထွက်ခွင့်ပေးပါတယ်။ ကိုးနာရီလောက်မှာ သူနဲ့ အဆက်သွယ် ရပါတယ်။ ခဏနေလို့ ဖုန်းခေါ်ကြည့်တော့မှ ဖုန်းမရတော့ဘူး။ နောက်ဆို  ယာဉ်တိုက်မှု ဖြစ်နေတယ် လိုက်လာခဲ့ပါလို့ အဲဒီနားက ဖုန်းနဲ့ ဆက်သွယ်လုပ်တော့  လိုက်သွားကြတာပါ။  ကောင်မလေး က ဆုံးသွားတယ်”ဟု Rakhine United FC မှ သတင်းမီဒီယာ တာဝန်ခံ ကိုသက်ထူးနိုင်ဦး က နိရဥ္စရာ သတင်းဌာနအား ပြောသည်။

၄င်းယာဉ်မတော်တဆမှုမှာ ဇန်နဝါရီ ၂၆ ရက်နေ့ည ၁၀ နာရီခန့်တွင် စစ်တွေမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ (BMG) သောက်ရေသန့် စက်ရုံအနီး တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သူနှင့်အတူ ပါလာသူ မခိုင်ခိုင်မှာ  ဦးခေါင်းနောက်စေ့ ပွင့်ထွက်သေဆုံးခဲ့ပြီး ကိုဇော်သိန်းဝင်းမှာလည်း ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ရဲကစစ်ဆေးနေဆဲဖြစ်ပြီး  ဆိုင်ကယ်မှာ ၎င်းတို့ကိုယ်တိုင် မတော်တဆ မှောက်လဲပုံရကြောင်း ရဲက ပြောသည်ဟု Rakhine United FC ၏ အလုပ်မှုဆောင်အတွင်းရေးမှူး ကိုအာရီယန်ကပြောသည်။

“သူ့လို ကစားသမားတစ်ယောက် ဆုံးရှုံးရမှာ ကြောက်ပါတယ်။ အခုလည်း တတ်နိုင်သလောက် ကုသနေကြပါတယ်။ ရန်ကုန်ကို သွားပြီးကုသဖို့က သူ့ခေါင်းအခြေနေက မရတော့ တင်လို့ မရပါဘူး။ ကျွန်တော်တို့ အသင်းက သူ့တွက် လိုအပ်တာတွေကို  အသင့် လုပ်ဆောင် ပေးနေကြတာပါ” ဟု ကိုအာရီယန်က ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်ဇာတိဖြစ်သည့် ကိုဇော်သိန်းဝင်းမှာ ၂၀၁၅ ခုနှစ်ဘောလုံးရာသီ၌ Rakhine United FC တွင်စတင် ကစားခဲ့ပြီး ၂၀၁၉  ခုနစ်တွင် အသင်းကြီးတွင် စတင်ကစားခွင့် ရခဲ့သောကစားသမားတစ်ဦးဖြစ်ကြောင်း သိ၇သည်။

-----------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၇/၂၀၂၀












#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.