စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့တွင် ဇနီးဖြစ်သူကိုသတ်ပြီး သဂြိုလ်ခါနီး တရားခံကို ရဲမှဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂ဝ၂ဝ

အမ်းမြို့၊ စျေးတောင်၊ အမှတ်(၄)ရပ်ကွက်တွင် ဇနီးဖြစ်သူအားသတ်ပြီး သင်္ဂြိုလ်ရန် စီစဉ်နေသူ  လင်ယောကျ်ားဖြစ်သူအား ရဲမှအချိန်မီ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့် ဇနီးဖြစ်သူမှာ ဒေါ်မြတ်မြတ်ထွန်း (၄ဝ)နှစ်ဖြစ်ကြောင်း သိရသည်။

လင်ယောကျ်ား ဖြစ်သူ ဦးကျော်သန်းဌေး(ခ)ကျော်ကျော်မှ ဖေဖော်ဝါရီ  ၁၃ ရက်ည ၈ နာရီ ခွဲခန့်တွင် ရိုက်နှက်သဖြင့် သူမမှာ သေဆုံးသွားပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်  နေ့လယ် ၂နာရီခန့်က ၎င်းအမျိုးသားအား အမ်းမြို့သချိုင်းတွင် အလောင်းသင်္ဂြိုလ်ခါနီး ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

"မီးကြိုး အကြီး ကေဘယ်ကြိုး လေးပေ နှစ်လက်မနဲ့ ရန်ဖြစ်တော့ရိုက်သတ်လိုက်တာ။ လင်မယား ရန်ဖြစ်နေကျဆိုတော့ အိမ်နီးချင်းတွေက ဝင်မပါရဲကြဘူး။ သူ့လင်က လူသတ်မှုနဲ့ ထောင်က ထွက်ထားတာဆိုတော့။ ဆေးရုံပို့ပေးကြပါလို့အကူညီတောင်းခဲ့သေးတယ်တဲ့။ ဘယ်သူမှ အနားမကပ်ရဲကြဘူး။ သူ့လင်ကိုကြောက်လို့။ အဲဒီညမှာဘဲ သေတယ်ထင်တယ်။ မနက်ကျမှ ရဲက သင်္ချိုင်းလိုက်သွားကြတာ။ အလောင်းမြေမချခင် စစ်းဆေးကြည့်တော့ ဒဏ်ရာတွေနဲ့သေတာ"ဟု အမ်းမြို့၊ စျေးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖုန်းကျော်က နိရဥ္စရာ သတင်းဌာနအားပြောသည်။

အဆိုပါ သေဆုံးသူတွင်အတူနေသူ သားသမီး ၃ဦးရှိပြီး စျေးတောင်ရပ်ကွက်တွင် နေထိုင်သည်မှာ ၆နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ တရားခံအမျိုးသားမှာ ဒေါ်မြတ်မြတ်ထွန်း၏ တတိယမြောက် အိမ်ထောင်ဟု သိရကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

"သတင်းရလို့ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လိုက်သွားကြတာပါ။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ နာရေးကားကထွက်နေပြီ။ နောက်ကလိုက်သွားပြီး အလောင်းကို စစ်ဆေးကြည့်တော့ ကေဘယ်ကြိုးနဲ့ ရိုက်လို့ ခေါင်းတွေ၊ ကျောကုန်းတွေ၊ လက်တွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။ တရားခံကလည်း သူသတ်လိုက်တာ ဝန်ခံပါတယ်"ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိကပြောသည်။

အမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်ငြိမ်းထွန်းကလည်း အမှုဖြစ်သည် ဟုတ်မှန်ကြောင်း၊ ရဲလုပ်ထုံး လုပ်နည်းများဖြင့် ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

သေဆုံးသူဒေါ်မြတ်မြတ်ထွန်းတွင် ခေါင်းတွင်ညိုမဲဒဏ်ရာ၊ ချိုစောင်းတွင် ၂လက်မခန့် ပေါက်ကွဲ ဒဏ်ရာ၊ လက်များခေါက်ကွေးသေဆုံးနေခြင်းဖြစ်ကြာင်း ၎င်းရဲစခန်းတာဝန်ရှိသူမှ သိရသည်။

ကျော်သန်းဌေး (ခ)ကျော်ကျော်အား ပ/၂၂/ ၂ဝ၂ဝ/ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း အဆိုပါရဲအရာရှိကဆက်ပြောသည်။

-----------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၅/၂ဝ၂ဝ












ဆက်စပ် သတင်းများ