ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် ဆယ်တန်းကျောင်းသားတစ်ဦး စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဆယ်တန်းကျောင်းသား တစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၅၄၃) ပြားနှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသားမှာ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်(၃) လမ်းနေ၊ မောင်ခန့်သော်ဇင်(၁၈)နှစ်ဖြစ်ပြီး သူ့အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေညောင်ညိုကျေးရွာအနီး သံတွဲ-တောင်ကုတ် ကားလမ်းမကြီးတွင် ဖမ်းမိခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ  တောင်ကုတ်မြို့မ ရဲစခန်းမှ ဒုရဲမှူးဆန်းတင့်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောသည်။

“ကျွန်တော်တို့ သတင်းအရ သွားရောက်ရှာဖွေတာပါ။ သူက မှုးယစ်ဆေးရောင်းတာပါ။ ကွင်းဆက် ဆက်ရှာတာ အဲဒီကွင်းဆက်က လူမရှိဘူးဖြစ်နေတယ်။ သူ့ကို အခု အမှုဖွင့်ထားပါတယ်။ စာမေးပွဲ ဖြေဖို့ကိုတော့ ရဲကတော့ ခွင့်မပြုဘူး။ သူတို့ဟာသူတို့ ဆက်သွယ်ပြီးတော့ ကျောင်းက နေပြီးတော့ ရဲစခန်းနဲ့ လာညှိနှိုင်းရင်တော့ ဖြေပေါ့” ဟု ဒုရဲမှူးဆန်းတင့်က ပြောသည်။

မောင်ခန့်သော်ဇင်အား ရဲစခန်းမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ဝင်များက သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ၄င်း၏ဘောင်းဘီအိတ်ကပ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၄၃)ပြားအား တွေ့ရှိခြင်းကြောင်း ရဲစခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကျောင်းသားမှာ တောင်ကုတ်မြို့ အထက(- )ကျောင်းတွင် ဒသမတန်း ကျောင်းသား တစ်ဦးဖြစ်ပြီး ၄င်းအား မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၉(က) နှင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သိရသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၄ /၂ဝ၂ဝ








ဆက်စပ် သတင်းများ