ထွန်းခို်င် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈ / ၂၀၂၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကပိုင်ချောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အရက်ပျံနှင့် အုန်းသီးရည် ရောသောက်မိရာမှ အဆိပ်သင့်ပြီး လူ ၃ ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူများမှာ ကိုမောင်ကျော်လှ (၂၅) နှစ်၊ ကိုကျော်ယဉ် (၃၀) နှစ်၊ ဦးမောင်စောဦး (၅၀) နှစ်တို့ ဖြစ်ကြသည်။
၎င်းတို့ ၃ ဦးသည် တစ်ရွာတည်းနေ တစ်ခြား ရွာသား ၂ ဦးဖြစ်ကြသည့် ကိုအောင်ဆန်းမောင်(၂၇) နှစ်၊ ဦးမောင်ဖြူ (၄၀) နှစ်တို့နှင့်အတူ အရက်ပျံနှင့် အုန်းသီးရည် ရောသောက်ကြရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု ကပိုင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းအောင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“ သူတို့ ၅ ယောက်စလုံးကို မင်းပြားဆေးရုံကိုယူရတယ်။ ဆေးရုံမှာ ၃ ဦး သေတယ်။ မောင်ကျော်လှ၊ ကိုကျော်ယဉ်နဲ့ ဦးမောင်စောဦး။ နောက်နှစ်ယောက်က ဆေးကုမှု ခံယူနေတုန်း ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
၄င်းကပိုင်ချောင်းကျေးရွာတွင် အရက်ရောင်းချ သောက်သုံးခြင်းကို ရွာဂါမ ပညတ်ဖြင့် ပိတ်ပင်ထားရာမှ အရက်ပျံနှင့် အုန်းရည်ကို ရောသောက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
" အရက်ပျံနဲ့ အုန်းသီးရည်နဲ့ရောပြီး သောက်တတ်လို့ သိရတယ်။ သူတို့က အရက်ပိတ်ထားလို့ လျှို့ဝှက်သောက်နေကြတာ။ သူ့တို့ကို ခွဲစိပ်ကြည့်တဲ့အခါ သွေးကြောတွေ ပြတ်သွားတယ် လို့လည်း သိရတယ်။ သူတို့က ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းမှာ သောက်ခဲ့ကြပြီး ညနေပိုင်းမှာ နေမကောင်းလို့ မင်းပြားဆေးရုံကို ပို့တယ်။ သောက်တာတော့ ၅ ယောက်သောက်ကြတာ။ သေသွားတဲ့ သုံးယောက်က သောက်တာများတယ်။ နောက်နှစ်ယောက်ကတော့ နည်းနည်းဘဲ သောက်ခဲ့တယ်။ အခုသူတို့နှစ်ယောက်ကိုလည်း မင်းပြားဆေးရုံမှာဘဲ˝ဟု အုပ်ချုပ်ရေးမှူး ဦးလှထွန်းအောင်က ပြောသည်။
၄င်းကျေးရွာတွင် အရက်ပိတ်ထားတာ နှစ်လရှိပြီ ဖြစ်ကြောင်းလည်းသိရှိရသည်။ လက်ရှိတွင် မင်းပြားဆေးရုံတွင် ဆေးကုသခံနေသူ နှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရှိ၇သည်။
(Photo by Lay Mro- Minbya CJ News)
-------------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၂၈ / ၂၀၂၀
(Photo by Lay Mro- Minbya CJ News)
------