Preview

မောင်တောမြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းခန့်ဖမ်းမိ

မတ် ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :2318
မှုခင်း သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂/၂၀၂၀

၇ခိုင်ပြည်နယ်၏ အနောက်ဘက် နယ်စပ်မြို့တော်ဖြစ်သည့် မောင်တောမြို့ပေါ်တွင် ယနေ့ ညနေ စိတ်ကြွယာဘားဆေးပြား ၅ သိန်းခန့် ဖမ်းမိသည်ဟု  သတင်းရရှိသည်။

၎င်းဆေးပြားများ ဖမ်းဆီးရမိခြင်းမှာ ဟုတ်မှန်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ဘယ်ကိုသယ်ဖို့လုပ်တာလဲတော့ မသိဘူး။ Hilux ကားပေါ်ကိုပစ္စည်းတွေတင်နေတာ သတင်း ၇တော့ ညနေ ၄ နာရီခန့်က သွားဖမ်းတာ။ အဲတော့ ကားပေါ်မှာ ပစ္စည်းတွေ တွေ့တယ်။ နောက်ပြီးတော့ ဂိုဒေါင်ထဲ မှာလည်း ပစ္စည်းတွေ တွေ့တာပေါ့။ ဒီမှာကတော့ လောလောဆယ် မိတာကတော့ ၅ သိန်း နီးပါးပေါ့ဗျာ။ အထုတ်ကများတော့ ရေလို့မရဘူး။ အပြားအရေအတွက် ၅ သိန်းလောက် ရှိမှာပေါ့။ ရဲတပ်ဖွဲ့က ဈေးနှုန်း သတ်မှတ်တာက တစ်ပြားကို ၂၀၀၀ နှုန်းနဲ့ သတ်မှတ်တာပေါ့” ဟု ဦးစိုးအောင်က ပြောသည်။

ကားကိုရပ်ပြီး ကားပေါ်တွင်ပါလာသည့် ပစ္စည်းများအား အလုပ်သမားများက ဂိုဒေါင်ထဲသို့ သယ်ယူနေစဉ် သွားရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း မောင်တောမြို့နယ် ခရိုက်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်ပြောသည်။

“ပိုင်ရှင်က မမိလိုက်ဘူးဗျ။ ပိုင်ရှင်က ထွက်ပြေးသွားတယ်။ အဲဒီကနေ ဆက်တိုက် ကားပိုင်ရှင် အိမ်ကိုလိုက်တော့ အိမ်မှာလည်း မိသားစုက မရှိတော့ဘူး။ လူကမမိလိုက်ဘူး။ ဒါကတော့ တရားခံ မဟုတ်သေးတဲ့အတွက် ပြောလို့မကောင်းဘူးလေ။ မောင်တောမြို့ပေါ်ကပါ” ဟု ၄င်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းအား ကြားသိရကြောင်း၊ မောင်တောမြို့ပေါ် ဦးဥတ္တမလမ်း မြန်မာ့ခေတ်မီ စာကြည့်တိုက်အနီးတွင် ဖမ်းဆီးရမိခြင်းဟု ကြားသိ၇ကြောင်း မောင်တောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

-----------------------------------

Unicode:


စဈတှေ၊ မတ် ၂/၂၀၂၀









#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.