Preview

ကျိန္တလီမြို့တွင် မြေပြိုကျ၍ ဘတ်ဟိုးမောင်းနှင်သူတစ်ဦး သေဆုံး

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :7308
မှုခင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ ၊ မတ် ၂၅ /၂၀၂၀

၇ခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၃) ရပ်ကွက်တွင် မြေပြိုကျ၍ ဘတ်ဟိုးမောင်းနှင်သူတစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မိတ္ထိလာမြို့၊ ဝန်ဇင်းရပ်ကွက်နေ ကိုချမ်းမြေ့အောင်(၂၆နှစ်) (ဘ)ဦးတင်ဝင်း ဖြစ်သည်။

၎င်းသည် ယမန်နေ့ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဘတ်ဟိုးမြေတူးစက်(CAT) အမျိုးအစား ဖြင့် ကျိန္တလီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့ပြင်အထွက် အောင်သူဟိန်း ဆီဆိုင်နောက်ဘက် တောင်ကုန်းအောက် လမ်းမြေသားတူးဖော်နေချိန်တွင် မြေပြိုကျ၍ မြေပိကာ သေဆုံး သွားခြင်းဖြစ်ကြောင်း သိ၇သည်။

ကျိန္တလီ မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦး က“ဘတ်ဟိုးနဲ့ တောင်မြေတူးရင်း သူ့အပေါ်ပြိုကျတာ။ သူက စက်မောင်းပါ။ မောင်းနေရင်းနဲ့ မြေပြိုကျတာ ။ နေရာတွင်ပဲ မြေပိပြီး ပွဲချင်းပြီးသေတာ။ ကျွန်တော်တို့ ရောက်သွားတော့ သူ့ကိုကြည်တော့ သွေးတွေနဲ့ မျက်နှာမှာလည်း အညိုအမည်းစွဲနေပြီး ဇက်ကျိုးပြီး သေနေပြီ။ အလောင်းကို သူ့မိဘတွေရောက်မှ ဘယ်လိုလုပ်မလဲဆိုတာသိ၇မယ်။ သူ့မိဘတွေ လိုက်လာနေပါတယ်”ဟုအတည်ပြုပြောကြားသည်။

၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိန္တလီ မြို့မရဲစခန်းမှ ယာဉ်/ပ ၃/ ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄/က သေမှုသေခြင်း ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ၄င်းကဆက်ပြောသည်။

--------------------

Unicode:


နိရဉ်စရာ ၊ မတျ ၂၅ /၂၀၂၀






#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.