Preview

မာန်အောင်မြို့နယ် သင်ကဇာကျေးရွာအနောက်ဖက် လယ်ကွင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံး၍တွေ့ရှိ

မတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :9622
မှုခင်း သတင်း


အောင်လင်းထွန်း
နိရဉ္စရာ၊ မတ် ၂၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ လက်မဲပြင်အုပ်စု၊ သင်ကဇာကျေးရွာ၏ အနောက်ဖက် လယ်ကွင်းထဲတွင် လူတစ်ဦးကို ယခုလ ၂၈ ရက်နေ့က သေဆုံးလျှက်တွေရှိကြောင်း သတင်းရရှိသည်။

“လူသေအလောင်းတွေ့တယ်လို့ နယ်ထိန်းရဲကပြောလို့ ကျနော်တို့ သွားယူခဲ့တယ်။ အခု ၁နာရီ ၃၀ လောက်မှာ ရင်ခွဲရုံသို့ ပို့ခဲ့တယ်” ဟု မာန်အောင်မြို့စေတနာရှု်လူမှုကူညီရေးအသင်း (နာရေး) မှ ကိုကျော်မိုးနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသူမှာ လက်မဲပြင်ကျေးရွာမှ ဦးမောင်တင်လှ အသက် (၅၅) နှစ် ဖြစ်သည်။

“သင်ကဇာရွာရဲ့အနောက်ဖက်က လယ်ကွင်းထဲမှာ သေဆုံးလို့တွေ့တယ် ပြင်ပဒဏ်ရာဒဏ်ချက်တို့မရှိဘူး။ ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ မသိရသေးဘူး ရင်ခွဲစစ်ဆေးနေတုန်းဖြစ်တယ်” ဟု ရဲတာဝန်ရှိသူတစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မာန်အောင်မြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၃/၂၀) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်းသိ၇သည်။

မတ်လ ၁၇ ရက်မှလဲ နတ်ပြင်ကျေးရွာနှင့် ၂ ဖာလုံခန့်အကွာတွင်လည်း ယခုကဲ့သို့ အမျိုးသားတစ်ဦး သေဆုံးမှုလည်းရှိခဲ့သည်။

ဓာတ်ပုံ ကျော်မိုးနိုင်

-------------------------

Unicode:


နိရ ဉ်စရာ၊ မတျ ၂၈/ ၂၀၂၀








#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.