နိရဥ္စရာ၊ ဇွန် ၁၀/၂၀၂၀
စစ်တွေမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ အကွက်(၈) သတ္တဌာနလမ်းရှိ ကုန်စုံဆိုင်ခန်း တစ်ခန်း ယနေ့ မွန်းလွဲ ၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၄င်းမီးမှာ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်မှ စတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီတွင် စစ်တွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက လုံး၀ငြိမ်းသတ်နိုင်ခဲ့သည်ဟု Rakhine Fire Force သတင်းတွင် ဖော်ပြထားသည်။
မီးသတ်ရာတွင် စစ်တွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှူးယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၅)စီးပါဝင်ပြီး ငြိမ်းသတ်ခဲ့ရကြောင်း သိ၇သည်။
မီးသတ်ရာတွင် ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁+၂၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ ပါဝင်ခဲ့သည်။
၎င်းမီးသည် မီးလောင်မှုမှာ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ စားသောက်ကုန်စုံပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ ကုန်စုံပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း Rakhine Fire Force ပေ့ချ်တွင် ဖော်ပြထားသည်။
(Photo by Rakhine Fire Force)