Preview

ကျောက်ဖြူမြို့မှ ရေနစ်ပျောက်ဆုံးနေသော လူငယ်အလောင်း ရှာဖွေတွေ့ရှိ

ဇွန် ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :7849
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၃၀ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ရေနစ်ပျောက်ဆုံးနေသူ ဆယ်ကျော်သက်အရွယ် လူငယ်၏ ရုပ်အလောင်းကို ဇွန်လ ၂၉ ရက် နံနက် ရ နာရီကျော် အချိန်ခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးကျော်သန်းဦး၏သား မောင်မျိုးလင်းဇော် (၁၈) နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားသော ကျောင်းသားတစ်ဦး ဖြစ်သည်။

သူ့၏ရုပ်အလောင်းကို ကျောက်ဖြူမြို့အထွက် ၂ မိုင်ခန့် အကွာရှိ ခမ၇ (၅၄၂) ရှေ့၊ ဆက်သွယ်ရေး ရေဒါတိုင် ခြံဝန်းအပြင်ဖက်၊ သံဇစ်မြစ်၀ပင်လယ် ကမ်းစပ်တွင် ပေါ်လာကြောင်း သိရှိ၇သည်။

သူ၏ရုပ်အလောင်းကို “ ကျောက်ဖြူခရိုင် မီးသတ်ဦးစီးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ လေး၀တီ ကုလရက္ခိတ ပရဟိတအသင်းနှင့် ကျောက်ဖြူလူငယ်အဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ယူရရှိခဲ့ကြောင်း ” Rakhine Fire Force Page တွင် ဖော်ပြထားသည်။

၎င်းလူငယ်မှာ ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရွယ်တူသူငယ်ချင်းနှစ်ယောက်နှင့်အတူ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ သံဇစ်မြစ်၀၊ ကျောက်ဖြူပင်လယ်ကမ်းခြေစပ်သို့ ငါးရှာဖို့ထွက်သွားစဉ် ရေနစ်မြုပ်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိ၇သည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.