Preview

စစ်တွေမြို့နယ်တွင် လူငယ်တစ်ဦး စားဝတ်နေရေးအဆင်မပြေရာမှ ကြိုးဆွဲချ သေဆုံး

ဇူလိုင် ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :1136
မှုခင်း သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန် (ရွာသစ်ကေကျေးရွာ)တွင် လူငယ်တစ်ဦး မိသားစု စားဝတ်နေရေး အဆင်မပြေရာမှ ယနေ့ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးဆန်းမြင့်က ပြောသည်။ 

သေဆုံးသူမှာ ကြက်ကိုင်းတန်ရွာသစ်ကေကျေးရွာမှ ဦးစံရွှေကျော်နှင့် ဒေါ်မသိန်းဝင်းတို့၏  သား မောင်ထွန်းနိုင်စိုး (၂၁) နှစ်ဖြစ်ကြောင်း သိ၇သည်။ 

ဦးဆန်းမြင့်က “အလုပ်ကလည်း ပင်ပန်း။ သိပ်အဆင်ပြေဘူး။ ငတ်တစ်ထပ် ပြတ်တစ်ထပ်ဆိုတော့ စိတ်ဓာတ်တွေကျပြီး ကိုယ့်ပါကိုယ် ကြံစည်တာပေါ့။ မိသားစု စားဝတ်နေရေးက အဆင်မပြေဘူး ဆင်းရဲတော့လေ။ မိသားစုစားဝတ်နေရေက သိပ်အဆင်မပြေဘူး။ အဲဒါတွေကြောင့် ခုလို လုပ်သွားတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ မောင်ထွန်းနိုင်စိုးမှာ ပန်းရံအလုပ်နှင့် တခြား ကျပန်းအလုပ်များ လုပ်ကြောင်း၊ ၄င်းသေဆုံး နေသည်ကို မိသားစုဝင်များက ယနေ့ နံနက် ၅ နာရီခန့်ကမှ တွေ့မြင်ခဲ့ကြ၇ကြောင်း ဦးဆန်းမြင့်က ဆက်ပြောသည်။

“သူက ညအချိန်လောက်က ဖြစ်တာလားဆိုတာ မသိဘူး။ မနက်ကျမှ သိကြတာအကုန်။ ထမင်းချက်တဲ့ အခန်းမှာ ကြိုးဆွဲချသေနေတာပေါ့နော်။ ဘာကြိုးအမျိုးစားလဲဆိုတာတော့ မမြင်လိုက်ကြဘူး။ ရဲတွေလည်း လာစစ်ဆေးတော့ အဲဒီကြိုးကို သိမ်းသွားလို့ ဘာကြိုးမျိုးလဲ မသိလိုက်ကြဘူး။” ဟု ပြောသည်။

အလောင်းအား ယနေ့ နေ့လယ် ၁ နာရီတွင် စစ်တွေ သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.