Preview

စစ်တွေ ဆတ်ရိုးကျချောင်းထဲ အမည်မသိအလောင်းတစ်လောင်းတွေ့ရှိ

စက်တင်ဘာ ၀၁/ ၂၀၂၀ | ကြည့်ရှုသူ :6839
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ဓမ္မာရုံအနီး ဆတ်ရိုးကျချောင်းထဲတွင် ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသော အသက် ၃၀ ကျော်ခန့်အရွယ် အမည်မသိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအလောင်းအား စစ်တွေမြို့မှ လူမှုကူညီရေးအသင်းတစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေရှင်း အသင်းက ဆယ်ယူခဲ့ကြောင်း သိရှိ၇သည်။

ရွှေရောင်မေတ္တာဖောင်ဒေရှင်းအသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က ကုန်းတန်းရပ်ကွက် အစိုးရသစ်ဆိုင်နားမှာ အလောင်းတစ်လောင်း တွေ့တယ်ဆိုပြီး ကျနော်ကို ဖုန်းဆက်လာတယ်။ အလောင်းကတော့ တော်တော့လေးကို ကြာနေပြီထင်တယ်။ သူရဲ့ပါးမှာ ထိုးသွင်းဒဏ်ရာတစ်ချက်ပါတယ်။ လည်းပင်းမှာလည်းပဲ တစ်ချက်ပါတယ်လို့ မြင်တယ်။ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။

အဆိုပါအလောင်းအား သယ်ယူရန် နေရာအခက်အခဲဖြစ်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များက အလောင်းအား သယ်ယူရန် နေရာစီစဉ်နေကြကြောင်း ပြောသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.