Preview

ဗျိုင်းဖြူရွာရေကန်တွင်လူတစ်ဦးရေနစ်သေဆုံးနေပြီး အနီးအနားတွင် ကားဖြူတစ်စီးကို ရပ်နားပြီးတွေ့ရ

စက်တင်ဘာ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :5738
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ၏ ရွာအဝင် ရေကန်တွင် ယနေ့ နေ့လယ် ၃ နာရီကျော် အချိန်ခန့်က လူသေအလောင်းတစ်လောင်း သေဆုံးလျက်ရှိပြီး ကန်ဘေးအနီးတွင် ကားဖြူတစ်စီးကိုလည်း ရပ်ချက် တွေ့ရှိကြောင်း သိရှိ၇သည်။

သေဆုံးနေသူမှာ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၄င်းမှာ မည်သူ၊ မည်ဝါဆိုသည်ကို မသိရှိရသေးကြောင့် စစ်တွေမြို့၏ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်အသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်အသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “သူရဲ့ ဘယ်ဖက်လက်မောင်းမှာ ဆေးမင်ကြောင်ထိုးလို့ပါတယ်။ သူ့မှာ ကားအဖြူတစ်စီးလည်းပါတယ်။ အဲဒီကားအဖြူကလည်း မနေ့ နေ့လယ်ကနေ အဲဒီနားမှာ ရပ်ထားတယ်လို့ပြောတယ်။ အခုသူသေဆုံးသွားတဲ့ အချိန်ခါမှ အဲဒီကားနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာကို သိ၇တယ်” ဟု ပြောသည်။

အဆိုပါသေဆုံးသွားသူ၏ ရုပ်အလောင်းကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရှိ၇သည်။

(Photo by Win Mar)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.