Preview

ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ လူငယ်တစ်ဦးသေဆုံး

စက်တင်ဘာ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :6332
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂၂ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က မိုးကြိုးပစ်ခံရ၍ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ စိုင်းတုတ်ကျေးရွာမှ ဦးခင်မောင်ဝင်း၏ သား ကိုနေဇော်ဦး အသက် ၁၈ နှစ်ဖြစ်ပြီး ၄င်းမှာ ရွာ၏ အရှေ့ဖက် ၁ မိုင်ခန့် လယ်ကွင်းတွင် ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း စိုင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောမောင်သိန်းက ပြောသည်။

“ သူ့က လယ်ကွင်းမှာ ကျွဲကျောင်းနေတယ်။ အဲဒီအချိန်မှာ မိုးကြိုးပစ်လို့ သေတာ။ မိုးက တအားရွာတယ်။ မိုးကြိုးကတော့ တစ်ချက်၊ နှစ်ချက်လောက်ပစ်သံကြားလိုက်တယ်။ မိုးကြိုးမှန်တာကတော့ သူ့ရင်ဘတ်မှာ မှန်သွားတယ်။ သူ့ခန္ဓာကိုယ်၊ တစ်ကိုယ်လုံးနီးပါး မဲသွားတယ်။” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းမှာ ယခုအချိန်တွင် ပေါက်တောဆေးရုံသို့ ရောက်ရှိနေပြီ၊ ဆရာဝန် စစ်ဆေးချက်များလုပ်ဆောင်ပြီး ကျေးရွာသို့ ပြန်လည်ယူဆောင်ပြီး သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိ၇သည်။

၇ခိုင်ပြည်နယ်အတွင်း ယခု ၂၀၂၀ ခုနှစ်တွင် မိုးကြိုးပစ်ခံ၇၍ လူ ၄ ဦးသေဆုံးသွားသူဖြစ်ကြောင်း သိရှိ၇သည်။

သေဆုံးသွားသူများမှာ မတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဦးစိုးတင့်ရပ်ကွက်မှ ဆဋ္ဌမတန်းကျောင်းသား မောင်သန်းနု၊ စက်တင်ဘာလ ၁၉ ရက် ညနေ ၆ နာရီအချိန်တွင် စစ်တွေမြို့နယ် ရာတန်ကျေးရွာမှ ကိုမောင်သန်းလင်း (၃၀) နှစ်၊  စစ်တွေမြို့နယ်၊ ချောင်းနွယ်ကျေးရွာအုပ်စု၊ ဇော်မတက်ကျေးရွာမှ မအေးဝင်ချေ (၂၃) နှစ်တို့မှာ မိုးကြိုးထိမှန်၍ သေဆုံးသွားကြောင်း သိရှိ၇သည်။

မိုးကြိုးပစ်ခံ၇၍ သေဆုံးသွားသူများကို ငွေကျပ် ၃ သိန်းနှင့် ဒဏ်ရာရရှိသူများကို ငွေကျပ် ၅ သောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၇ခိုင်ပြည်နယ်၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဦးစီအရာရှိ ဦးရဲမင်းဦးက ပြောသည်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.