Preview

အမ်းမြို့နယ်၌ ၂ ရက်အတွင်းလက်ပြန်ကြိုးတုတ်ထားသည့် အလောင်းနှစ်လောင်းရေထဲတွင်တွေ့

စက်တင်ဘာ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :6024
မှုခင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၃၀/၂၀၂၀

၇ခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂ ရက်အတွင်း လက်ပြန်ကြိုးတုတ်ပြီး သေဆုံးနေသည့် အမည်မသိ အလောင်းနှစ်လောင်းကို ရေထဲတွင် ဒေသခံများက တွေ့ခဲ့ကြရသည်ဟု သတင်းရရှိသည်။

ပထမ တစ်လောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က  အမ်းမြို့နယ်၊ စခန်းမော်အုပ်စု၊ အိုးပုံတောင်ကျေးရွာအနီး တစ်မိုင်ခန့်အကွာ မြောက်ဦးချောင်းထဲတွင် တွေ့ရှိခဲ့ရပြီး လက်ကိုနောက်ပြန်ကြိုးတုတ်ကာ မျက်နာကို အဝတ်စဖြင့် ဖုံးအုပ်ထားသည်ဟု သိ၇သည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဒုတိယ တစ်လောင်းကို အမ်းချောင်း၀၊ ဖေသာမော် အပေါက်တွင် တွေ့ခဲ့ရပြီး ၎င်းလူသေအလောင်းမှာလည်း လက်ကို နောက်ပြန်ကြိုးတုတ်ချည်ထားပြီး မျက်နာကို အဝတ်စဖြင့် စည်းထားပြီး သေနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အမ်းမြို့နယ်မှ လူမှုရေး လှုပ်ရှားနေသူ ကိုမျိုးလွင်က “ စက်တင်ဘာ ၂၇ ရက်နေ့ က တွေ့တဲ့ အလောင်းကိုတော့ ဒေသခံတွေက ရဲစခန်းကို အကြောင်းကြားတဲ့ အတွက် ရဲတပ်ဖွဲ့က လာယူ သွားပါတယ်။ အမ်းချောင်း၀တွေ့တဲ့ နောက်တစ်လောင်းကတော့ ပုပ်ပွနေပြီ ဖြစ်တဲ့အတွက်  ဒေသခံတွေကဘဲ မြေမြုပ် သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အလောင်းနှစ်လောင်းကို ရက်နှင့် နေရာခြားပြီး တွေ့ရှိသော်လည်း အမှုမှာဆက်စပ်ပုံရကြောင်း၊ ယခု အခင်းဖြစ်ပွားသော မြောက်ဦးချောင်းပတ်ဝန်းကျင်တွင် သစ်မှောင်ခိုအဖွဲ့များ၊ ဗမာပြည်ဘက်သို့ လူပို့သည့် လူမှောင်ခိုသမားများ ကျက်စားရာနေရာဖြစ်ကြောင်း သိရသည်။

“ သေဆုံးနေတဲ့လူတွေက ဒီဒေသက လူတွေမဟုတ်ဘူး။ သေဆုံးသွားတဲ့သူတွေက ဒေသခံတွေ အပြောအရ ဒီဒေသက လူတွေမဟုတ်ဘူးပေါ့နော်။ ပီးရင် ရွာတွေမှာလည်း လူပျောက်နေတာတွေ မရှိဘူး။ ရုပ်အလောင်းတွေက ပျက်စီးနေပြီဖြစ်တဲ့အတွက် ဒဏ်ရာတွေပါလား၊ ဘယ်လို သေတယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး” ဟု ကိုမျိုးလွင်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူးသို့ ဆက်သွယ်ရာ တန်းစီနေသည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့ပြီး နောက်ထပ်ဆက်သွယ်ရာ “ ကျွန်တော်တို့ အခု လုပ်တုန်းပဲ ရှိသေးတယ် ဘာမှ ပြောလို့မ၇သေးဘူး” ဟု ဆိုကာဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ အမည်မသိ အလောင်းနှစ်လောင်းရေထဲတွင် မျောပါ၍ တွေ့ရှိခဲ့သဖြင့် ဒေသခံပြည်သူများ အကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု ပြောဆိုသည်။  

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.