Preview

အမ်းမြို့နယ်တွင် ဆီတင်ကားတစ်စီးမီးလောင်၊ ယာဉ်မောင်းဒဏ်ရာပြင်းထန်ရ

အောက်တိုဘာ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :1268
မှုခင်း သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်စောက်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း၊ တောင်ပေါ်လမ်းတွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ရ နာရီခွဲခန့်တွင် ဆီကားတစ်စီးမီးလောင်ပြီး ယာဉ်မောင်းမှာ မီးလောင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ဦးဟန်လင်းကျော်(၃၉)နှစ်ဖြစ်ကာ ၄င်းမှာ မီးလောင်နေသည့်ကားနှင့်အတူပါသွားပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကားက လမ်းအောက်ကိုထိုးဆင်းသွားတယ်။ လမ်းက နှစ်ထပ်ဖြစ်နေတော့ အောက်ဘက်က ကားလမ်းပေါ် ထိုးကျတာ။ အဲဒီမှာ မီးလောင်တာ။ ဒရိုင်ဘာက မီးလောင်နေတဲ့ ကားပေါ်ပါသွားပြီး ရှေ့မှန်ကိုဖောက်ပြီး ထွက်လာတာ။ ဒဏ်ရာတွေနဲ့ အမ်းဆေးရုံမှာ တင်ထား၇ပါတယ်။ ကားတစ်စီးလုံးပြာကျသွားတယ်” ဟု ၄င်းကပြောသည်။

၄င်းဆီကားမှာ ဖြူးမြို့က စစ်တွေသို့ လာသော ကားဖြစ်ကြောင်း၊ မီးလောင်မှုအတွက် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၃၅၀ ခန့်ရှိကြောင်း၊ အမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၄င်းရဲအရာရှိက ဆက်ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းမှာ ခါးရိုးကျိုးဒဏ်ရာ၊ ယာလက်မောင်း မီးလောင် ဒဏ်ရာများ ရရှိခဲ့သွားခဲ့သည်ဟု သိ၇သည်။

(ဓာတ်ပုံ- ကိုမျိုးလွင်/အမ်း)


#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.