Preview

မြောက်ဦးမြို့တွင်သူခိုးသောင်းကျန်း၊ သူခိုးဓါးဖြင့်ထိုး၍ အမျိုးသမီးငယ်တစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :6547
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
အောက်တိုဘာ ၉/၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် သူခိုးများသောင်းကျန်းမှုရှိနေပြီး အောက်တိုဘာ ၈ ရက်နေ့ ညဉ့်မနက်က အိမ်ပေါ်တက်ခိုးသူ သူခိုးမှ ဓားဖြင့်ထိုး၍ ၁၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဓားထိုးခံရသူမှာ မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်မှ မဖြူဖြူအေး အသက် ၁၈ နှစ်ဖြစ်ကြောင်း သူမ၏ အဒေါ်တော်စပ်သူ ဒေါ်ခင်မာသန်းက ပြောသည်။

“ မနက် ၂ နာရီအချိန်ခန့်မှာ သမီးလေးက သူ့အခန်းထဲမှာ တစ်ယောက်တည်းအိပ်နေတာ။ ကျမနဲ့ သူ့အမေက နောက်တစ်ခန်းမှာ အိပ်နေတယ်။ သမီးလေးအခန်းနားက သေတ္တာကို သူခိုးတွေက ဖွင့်တယ်။ သေတ္တာကို ဖွင့်ဖို့လုပ်နေတဲ့အချိန်မှာ သမီးလေးက နိုးသွားတယ်။ သူခိုး သူခိုးလို့အော်တော့ သမီးလေးကို သူတို့မှာ အသင့်ပါလာတဲ့ ဓားနဲ့ထိုးတယ်။ နောက်ပြီး သမီးလေးရဲ့ ဘယ်ဘက် လက်ညိုးမှာလည်း ဓါးဒဏ်ရာ၇သွားတယ်” ဟု ၎င်းက ပြောသည်။

၎င်းသူခိုးမှာ ဓါးနှင့်ထိုးပြီး ဖုန်းတစ်လုံးကို ယူဆောင်ထွက်ပြေးသွားသည်ဟု ဒေါ်ခင်မာသန်းက ပြောသည်။

မဖြူဖြူအေး ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။

၄င်းအပြင် ပြီးခဲ့သော ရက်ပေါင်း ၁၀ ကျော်ခန့်ကလည်း ၄င်းအိမ်မှ ဖုန်းတစ်လုံးအခိုးခံလိုက်၇ကြောင်း ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗန္ဓုလရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖြူသာထွန်းအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်းနှင့် ကျုးလွန်သူနှစ်ယောက်အား စုံစမ်းနေကြောင်း ပြောကြားသည်။

“ သူခိုးက နှစ်ယောက်လို့ပြောတယ်။ အမျိုးသမီးငယ်က ဓားထိုးခံ၇တယ်။ သူ့တို့ အိမ်ကမခိုးမီ တစ်ခြား အိမ်တစ်အိမ်ကလည်း ညည့် ၁၂ နာရီခန့်က သူခိုးဝင်ရောက်ပြီး ငွေကျပ် ၁ သိန်းခန့် ခိုးယူသွားတယ်။ အဲဒီ အိမ်ကခိုးသွားတာလည်း ဒီသူခိုးတွေလို့ဘဲထင်တယ်။ အခုတလော သူခိုး ခိုးမှုက နေ့စဉ်လိုလို ဖြစ်နေပါတယ်” ဟု ဦးဖြူသာထွန်းက ပြောသည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.