Preview

ပျောက်ဆုံးနေသည့် မြောက်ဦးမှ လ၀ကဝန်ထမ်းကို ကြိုးဆွဲချ၍တွေ့

အောက်တိုဘာ ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :3574
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၁၀ / ၂၀၂၀

အောက်တိုဘာလ ရ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် မြောက်ဦးမြို့မှ လ၀က ဝန်ထမ်းတစ်ဦးဖြစ်သူ  ကိုကျော်လင်းခိုင် (၃ရ) နှစ်၏ အလောင်းအား ယနေ့ကြိုးဆွဲချ၍ တွေ့ရှိခဲ့၇သည်ဟု မိသားစုများက အတည်ပြု ပြောကြားသည်။  

သူ၏ အလောင်းအား အောက်တိုဘာ ၉ ရက် နေ့လယ်  ၁၂ နာရီအချိန်ခန့်က ရတနမာန်အောင်ဘုရား နောက်ဖက်လမ်းရှိ ဗားမိဗားကရာ ဂူဘက်သို့ သွားသည့်လမ်းတွင် တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။

ဇနီးဖြစ်သူက “ သူ့အလောင်းကို မနေ့က မနက် ၁၂ နာရီလောက်မှာတွေ့တယ်။ သူက မြောက်ဦးလ-၀-က ရုံးမှာ တာဝန်ထမ်းဆောင်နေတာ ၅ နှစ်လောက်ရှိပြီး။ သူက မင်းပြားကနေပြီ၊ တနင်္လာနေ့ဆိုရင် ရုံးတက်ဖို့ သွားတယ်။ သောကြာနေ့ဆိုရင် မင်းပြားကို ပြန်လာတယ်။ နေတာကတော့ မင်းပြားမှာနေတာ။ သူမှာ လူတွေနဲ့ စကားများ ရန်ဖြစ်တာလည်း မရှိဘူး။ ရုံးကလူတွေလည်း စကားများတာမရှိဘူး။ ရုံးကလူတွေကလည်း သူအခုလို သေသွားတာကို အံ့သြနေတယ်” ဟုပြောသည်။

၎င်းသည် မြောက်ဦးလ-၀-ကရုံးတွင် (အမှုတွဲထိမ်း) တာဝန်ထမ်းဆောင်နေသော်လည်း မင်းပြားမြို့  ဥက္ကာပျံ ရပ်ကွက်တွင် မိသားစုနှင့် အတူ နေထိုင်သူဖြစ်ကြောင်း သိ၇သည်။

အောက်တိုဘာလ ရ ရက်နေ့ကနေပျောက်ဆုံးသွားခဲ့ပြီး မိသားစုနှင့် အဆက်အသွယ် မ၇ဖြစ်နေခဲ့သည်ဟုဆိုသည်။  

၄င်း၏ရုပ်အလောင်းအား ယနေ့ မင်းပြား သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် သူဆုံးနေသူ၏ အလောင်းအား မြောက်ဦးဆေးရုံ (ရင်ခွဲရုံ) သို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့တွင် မင်းပြားသို့ ပို့ဆောင်ပေးခဲ့သည်ဟု မြောက်ဦးနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

“ အလောင်းက ပုပ်ပွနေပြီ၊ ဘယ်နေ့ကနေ သေတာလည်း မသိဘူး။ ဗားမိဗားကရားဂူဘက်ကိုသွားတဲ့ လမ်းနားက သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချပြီး သေနေတာ။ အဲဒီနားက တောတောင်ကို သွားတဲ့လူတွေမြင်လို့ သူသေဆုံးနေတာကို တွေ့၇တာ” ဟု ဦးကျော်ကျော်က ပြောသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.