Preview

စစ်တွေမြို့နယ် ပျားလယ်ချောင်းတွင် န၀မတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

အောက်တိုဘာ ၁၁/ ၂၀၂၀ | ကြည့်ရှုသူ :4097
မှုခင်း သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊သင်ပုန်းတန်းကျေးရွာအုပ်စု ပျားလယ်ချောင်းရွာသစ်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က န၀မတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မမြတ်နိုးသူ(၁၄)နှစ်ဖြစ်ကာယမန်နေ့နံနက်က သူငယ်ချင်းများနှင့် ပက်ကျိ၊ ခရုကောက်ရန် ပျားလယ်ချောင်းရှိ ရွာချောင်းကိုသွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်များက နိရဥ္စရာသတင်းဌာနအားပြောသည်။

အစ်ကိုဖြစ်သူ ကိုသိန်းလှမောင်က “ ပက်ကျိကောက်ဖို့ထွက်သွားကြတာပါ။ ၁၁ နာရီလောက်က။ ချောင်းကိုရောက်တော့ ရေဆင်းကူးကြရာမှာ နစ်တာပါ။ သိသိချင်းပဲရွာကလူတွေလိုက်သွားကြတယ်။ ၁၂ နာရီကျော်လောက်မှာ အလောင်းကို နစ်သွားတဲ့ နေရာနဲ့ မနီးမဝေးကရပါတယ်။ မကြည့်ရက်ဘူးပေါ့ဗျာ။ ကိုယ့်ညီမလေးဆိုတော့။ ဒဏ်ရာပါတယ်လို့ပြောနေကြတာက မျက်လုံးနားမှာ ငါးကိုက်ထားတာပါ။ ရိုးရိုးရေနစ်သေတာပါ။” ဟုသူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေချမ်ပြင်နယ်မြေခံရဲစခန်းမှ ရဲအရာရာရှိများရောက်ရှိလာပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းသူကပြောသည်။

သူမ၏ ရုပ်အလောင်းအား ယမန့်နေ့ ညနေခန့်က ပျားလယ်ချောင်းရွာသစ်သို့ ပြန်သယ်ယူကာ ယနေ့ နံနက်က သင်္ဂြိုလ်ပေးခဲ့ကြောင်း သူကဆက်ပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.