Preview

မောင်တောတွင် ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အောက်တိုဘာ ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :2550
မှုခင်း သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁၂/၂၀၂၀

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ယာဘားစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀၀၀ ကျော်ဖိုး ဖမ်းမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသော ယာဘားဆေးပြားများမှာ WY  စာတန်းပါ ပန်းရောင် အမျိုးအစားဖြစ်ပြီး ဆေးပြား အရေအတွက်မှာ  ၁၀၅၀၅၀ ရှိပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၁၀၀ ကျော် ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် လိပ်ရတောင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ နယ်စပ်ခြံစည်းရိုးအနီး ကျောက်ချောင်းကျေးရွာဘက်မှ အထုပ် ၂ ထုပ်ထမ်းလာသော မသင်္ကာဖွယ် လူတစ်ဦးအားတွေ့ရှိသဖြင့် လုံခြုံရေး တပ်အဖွဲ့ဝင်များက စစ်ဆေးရန်ခေါ်ယူခဲ့ရာ ရပ်တန့် ခြင်းမရှိဘဲ အိတ်များပစ်ချထွက်ပြေးသွားခဲ့ရာ ၎င်းအိတ်မျာ အတွင်းမှ WY/R ယာဘားဆေးပြားများကို သိမ်းဆည်း၇မိကြောင်း ဖော်ပြထားသည်။

မောင်တောဒေသကို ကြားခံနယ်မြေအဖြစ် အသုံးပြုပြီး တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ စိတ်ကြွဆေးပြားများကို တင်ပို့နေကြသဖြင့် မကြာခဏ ဖမ်းဆီးမိကြောင်း ဒေသခံများက ပြောဆိုသည်။




မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.