Preview

ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်၍ အမျိုးသားတစ်ဦးသေဆုံး

အောက်တိုဘာ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :6502
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ ၁၇ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ လက်မယာကျေးရွာတွင် ယမန်နေ့ ညနေ ရ နာရီ အချိန်ခန့်က မိုးကြိုးပစ်ခံရ၍ အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ လက်မယာကျေးရွာမှ အသက် လေးဆယ်ကျော်အရွယ် ဦးရွှေစိန်အောင် ဖြစ်သည်။

၄င်းမှာ ရွာ၏အရှေ့ဖက် ၂ မိုင်ခန့်အကွာ လယ်တဲတွင်ရှိနေစဉ် မိုးကြိုးပစ်ခံ၇သဖြင့် သေဆုံးသွားကြောင်း ဆွေးမျိုးတော်စပ်သူတစ်ဦးဖြစ်သူ ဦးထွန်းအောင်က ပြောသည်။

“ သူက ညနေထမင်းစားပြီးလို့ လယ်ကွင်းက တဲမှာ ထိုင်နေတဲ့အချိန်မှာ မိုးကြိုးလာမှန်တာပါ။ တဲမှာ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ နောက် ကလေးတစ်ယောက်ရှိတယ်။ သူကတော့ ဘာမှ မဖြစ်လိုက်ဘူး။ ဒဏ်ရာကတော့ သူရဲ့ညာဖက်နားနောက်မှာ အရာတစ်ခုရှိတယ်။ သံမှိုနှင့် ဖောက်ပစ်သလို အဲလိုမျိုး ဒဏ်ရာတစ်ချက်ပါတယ်။ အသားအရေတွေကလည်း နည်းနည်းမဲသွားသလို ဖြစ်သွားတယ်” ဟု ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းမှာ ပေါက်တောဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ဆရာဝန်၏ စစ်ဆေးချက် ရရှိပြီးလျှင် မိမိရွာသို့ ယူဆောင်ပြီး သင်္ဂြ ိုလ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုနှစ်အတွင်း ၇ခိုင်တွင် မိုးကြိုးပစ်၍ သေဆုံးသွားသူ ၅ ဦးအထိရှိသွားပြီ ဖြစ်ကြောင်း သိရှိ၇သည်။

မတ်လ ၃ ရက်နေ့က မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ ဆဋ္ဌမတန်းကျောင်းသား မောင်သန်းနု၊ စက်တင်ဘာလ ၁၉ ရက် ညနေ ၉ နာရီအချိန်ခန့်က စစ်တွေမြို့နယ်၊ ရာတန်ကျေးရွာမှ ကိုမောင်သန်းလင်း ၃၀ နှစ်နှင့်  ချောင်းနွယ်ကျေးရွာအုပ်စု ဇော်မတက်ကျေးရွာမှ မအေးဝင်းချေ ၂၃ နှစ်၊  စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ ကိုနေဇော်ဦး အသက် ၁၈ နှစ်မှာ မိုးကြိုးပစ်ခံရ၍ သေဆုံး သွားကြောင်း သိရှိ၇သည်။

မိုးကြိုးပစ်ခံ၇၍ သေဆုံးသွားသူများကို ငွေကျပ် ၃သိန်းနှင့် ဒဏ်ရာရရှိသွားသူများကို ငွေကျပ် ၅ သောင်းစီ ၇ခိုင်ပြည်နယ်၊ သဘာ၀ ဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထောက်ပံ့ပေးကြောင်း သိရှိ၇သည်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.