Preview

ရမ်းဗြဲမြို့နယ်တွင် ကုန်တင်ကားတစ်စီးချောက်ထဲထိုးကျ၍ ကားပေါ်ပါလာသူ ၂ ဦးပွဲချင်းပြီး သေဆုံး

နိုဝင်ဘာ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :9420
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၉/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအနီးတွင်  ယမန်နေ နေ့လယ်ပိုင်းက ကုန်တင်ကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုန်တင်ကား တိမ်းမှောက်မှုဖြစ်စဉ်မှာ ယမန်နေ့  နေ့လယ် ၄ နာရီခန့်က ရမ်းဗြဲမြို့နယ် ကုလားပုန်း ကျေးရွာအနီးရှိ ပိန္နဲတောင်ပေါ် ရန်ကုန်-ကျောက်ဖြူ အဝေးပြေးကားလမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်၊ စနဲနာရေးကူညီမှုအသင်းမှ ကိုထွန်းထွန်းဦးက ပြောသည်။

“အဲဒီလမ်းက တောင်ကုန်းတွေကို ကျော်ပြီး သွားရတဲ့ အပိုင်းလည်းရှိတယ်။ အခု အဲဒီကား မှောက်သွားတာက အဲဒီတောင်ကုန်းပေါ်က မှောက်သွားတာ။ ချောက်ထဲကို ထိုးဆင်းသွားတာပေါ့။ ကားရောလူပါ ချောက်ကို ထိုးဆင်းသွားတာ။ အလောင်းတွေက ကားထဲမှာ နှစ်ပိုင်းကျိုးပြီး ရှိနေတာ။ အဲဒါကို ကျွန်တော်တို့က ဆင်းပြီး အလောင်းတွေကို သွားယူခဲ့ရပါတယ်။ အဲဒီကားက ရန်ကုန်ကလာတာ ကျောက်ဖြူဘက်ကိုသွားတာ။ လောလောဆယ်ကတော့ လူနာမည်တွေကို မသိကြသေးပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အလောင်းနှစ်လောင်းအား ရမ်းဗြဲနာရေးကူညီမှုအသင်းသို့ စနဲနာရေးကူညီမှုအသင်းမှ ယနေ့ ညနေပိုင်းက လွှဲပြောင်းပေးအပ်ခဲ့၇ကြောင်း ၄င်းက ပြောသည်။

“အဲဒီကားက ရန်ကုန်ကနေလာတာ။ သူ့ရဲ့ မိသားစုဝင်တွေက ဘယ်သူတွေလဲ၊ သူတို့ရဲ့ နာမည်တွေ အသက်တွေ မသိရသေးဘူး။ အခုက မဲကိစ္စနဲ့ အလုပ်များနေကြတော့ မနက်လောက်မှ သူတို့ရဲ့ မိသားစုဝင်တွေက ဘယ်သူတွေလဲ သိရမယ်။ ကားမှာတော့ ကားဒရိုင်ဘာနဲ့ နောက်တစ်ယောက် အဲဒီ နှစ်ယောက်ပဲ ပါတာပေါ့” ဟု ကိုထွန်းထွန်းဦးက ဆက်ပြောသည်။

အဆိုပါ ကုန်တိမ်းမှောက်မှုဖြစ်သည့် နေရာတွင် ယခင်ကလည်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိ၇သည်။

#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.