Preview

ကျောက်တော်မြို့နယ်တွင် ဟွန်စက်လှေနစ်မြုပ်၍ပျောက်ဆုံးခဲ့သူ အမျိုးသမီးနှစ်ဦး၏အလောင်းကိုပြန်တွေ့

နိုဝင်ဘာ ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :7431
မှုခင်း သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၉/ ၂၀၂၀

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ သရီမြစ်အတွင်း ယမန်နေ့က စက်လှေနစ်မြုပ်၍ ပျောက်ဆုံးခဲ့သူ အမျိုးသမီးနှစ်ဦးအလောင်းကို ယနေ့ နေ့လယ် ၁၂ နာရီ်ကျော်က ပြန်ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းသည်။

၎င်းတို့နှစ်ဦးမှာ မဇာဇာဝင်း(ခ) မဝင်းချေဘု (၂၀)နှစ်နှင့် ဒေါ်ကျော့နု (၃၂)နှစ်တို့ ဖြစ်ကြောင်း ကြောင်စွယ်ဖြူ ကျေးရွာရာအိမ်မှူး ဦးအေးထွန်းမောင်ကပြောသည်။

“ မနေ့က စက်လှေနစ်တဲ့နေရာနဲ့ကိုက် ၂၀၀ မဝေးတဲ့ အကွာလောက်မှာ ပြန်တွေတာ။ ရုပ်အလောင်းတွေလည်း မပျက်မယွင်း ပြန်တွေ့ပါတယ်။ စက်လှေ အစီး နှစ်ဆယ်လောက်ဝိုင်းရှာကြတာပါ။ မဇာဇာဝင်းဆိုရင် အကောင်း ပကတိအတိုင်း ပြန်တွေ့ပါတယ်။ သူတို့က မြောက်ဦးမြို့ကင်းချောင်းရွာကဆိုတော့ ရွာကို ပြန်သယ်သွားကြပြီး နေ့လယ်က သင်္ဂြိုလ်လိုက်ကြပြီလို့ သိ၇ပါတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူကျေးရွာမှ မြောက်ဦးမြို့နယ်၊ ကင်းချောင်းကျေးရွာသို့ မောင်းနှင် လာခဲ့သော ဟွန်ဒါစက်လှေသည် ယမန်နေ့  နံနက် ၁၁ နာရီကျော်က သရီမြစ်အတွင်း နစ်မြုပ်ခဲ့ကာ ဒေါ်ဦးတင်ယိုင်(၅၄)နှစ်မှာ သေဆုံးခဲ့ပြီး ၎င်းအမျိုးသမီးနှစ်ဦးမှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

၄င်းအမျိုးသမီးများသည် ဆွေမျိုး တော်စပ်သူ အမျိုးသမီးတစ်ဦး၏ ကလေးမီးဖွားရာကြောင်စွယ်ဖြူကျေးရွာသို့ လာရောက်ပြီး ၎င်းတို့နေထိုင်ရာ မြောက်ဦးမြို့နယ်၊ ကင်းချောင်းကျေးရွာသို့ အပြန်တွင် သရီမြစ်မှ အရက်သယ်မချောင်း အဝင်၀တွင် လိူင်းထန်ပြီး စက်လှေ နစ်မြုပ်ခဲ့သည်ဟု သိ၇သည်။

စက်လှေမှာ ဟွန်ဒါစက်လှေအမျိုးအစားဖြစ်ပြီး စုစုပေါင်း ၉ ဦးလိုက်ပါလာခဲ့ရာ အမျိုးသမီး ၃ ဦးမှာ သေဆုံးခဲ့ပြီး ခြောက်ဦးကို အနီးအနားရွာသားများမှ ကူညီကယ်ဆယ်နို်င်ခဲ့သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.