သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့ကုလားတန်မြစ်ထဲတွင် အမည်မသိ အလောင်းတစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွေကျောင်းအနီး ကုလားတန်မြစ်အတွင်းတွင် ယနေ့ နံနက် ၈ နာရီ ၂ဝ မိနစ်ခန့်က အမည်မသိအလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းရရှိသည်။

ကျောက်တော်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးကလည်း အဆိုပါအလောင်းမှာ အသက်(၅ဝ)အရွယ် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းဖြစ်ကြောင်း နိရဥ္စရာသတင်းဌာနအားအတည်ပြုပြောကြားသည်။

“ ကျွန်တော်တို့ ဆေးရုံကို  မနက် ၉ နာရီခွဲ၊ ၁ဝနာရီလောက်က ရောက်လာတာပါ။ အလောင်းက အလွန်တစ်ရာ ပုပ်ပွနေတာတော့ မဟုတ်ဘူး။ ဒဏ်ရာဒဏ်ချက်တော့ မရှိ။ ဒါပေမယ့် အဲဒါကို ကျွန်တော်ဖြေလို့မရပါဘူး။ ရဲကိုပဲမေးပါ။ သင်္ဂြိုလ်တဲ့ကိစ္စတွေတော့ ရဲတွေပဲစီစဉ်မှာပါ” ဟုပြောသည်။

ကျောက်တော်မြို့ ဖြူစင်မေတ္တာနာရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ၄င်းတို့ ကိုယ်တို်င် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကျောက်တော်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ပြောသည်။

“ကျွန်တော့ကို အဲဒီနားမှာ ငါးမျှားနေတဲ့ ကောင်းလေးနှစ်ယောက်က  ဖုန်းဆက်အကြောင်းကြားလာတယ်။ ကျွန်တော်ရောက်သွားတော့ အလောင်းကို မဆယ်ရဲသေးဘူး။ မနီးမဝေးမှာ ဘုတ်အပျက်တစ်စီးတော့ရှိတယ်။ သက်ဆိုင်ရာကို အကြောင်းကြားလိုက်တယ်။ သူတို့က ကျွန်တော်တို့ အဖွဲ့ကို ဆေးရုံပို့ပေးဖို့ပြောလို့ အိတ်တွေဘာတွေစွပ်ပြီး နာရေးကားနဲ့ ပို့ပေးလိုက်ပါတယ်။ ဒဏ်ရာတွေတော့ မတွေ့ဘူး။ ဒါပေမယ့် ငါးကိုက်ရာတွေ လက်တွေ၊ ခြေဖဝါးတွေမှာ နည်းနည်းပါတယ်။ပိုင်ရှင်မဲ့အလောင်းဆိုတော့ သက်ဆိုင်ရာကပဲ ဖြေရှင်းမယ်ထင်ပါတယ်” ဟုပြောသည်။

အဆိုပါအလောင်းအား သင်္ဂြိုလ်လို်က်ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်ဟု သူကဆက်ပြောသည်။

ကျောက်တော်မြို့မ ရဲစခန်းသို့ ၄င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ