Preview

ပေါက်တော သဲခုံရွာတွင် အိမ်ထောင်ရှိအမျိုးသမီးငယ်တစ်ဦး မတရားပြုကျင့်ခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရွာသား ရ ဦး ခေါ်ဆောင်ခံရ

နိုဝင်ဘာ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :9409
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် အိမ်ထောင်ရှင်အမျိုးသမီးငယ်တစ်ဦး မတော်မတရား ပြုကျင့်ခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရွာသား ရ ဦးကို အမည်မသိ လူတစ်စုမှ ခေါ်ယူ သွားကြောင်း သတင်းရရှိသည်။

သဲခုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ နိုဝင်ဘာ ၂၀ နေ့က လူ ၅ ယောက် ရွာကိုရောက်လာတယ်။ ဘာလက်နက်မှတော့ မပါဘူး။ ၅ ယောက်လုံးက အရပ်သားအဝတ် ဝတ်ထားတယ်။ ပထမတစ်ခေါက် အဲဒီကောင်မလေး ယောကျာ်းအပါအဝင် တရားခံ ၄ ယောက်ကို ခေါ်သွားတယ်။ ကျန် ၃ ယောက်ကို ဒီနေ့ အစစ်ဆေးခံဖို့ ခေါ်တယ်လို့ သိ၇ပါတယ်။ အဲဒီ ကျန်တဲ့ ၃ ယောက် လိုက်သွားကြပါတယ်။ ဘယ်နေရာကို သွားလဲဆိုတာကို ကျွန်တော်တို့လည်း မသိရပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ခေါ်ယူခံရသူ ရ ဦးအထဲမှ ဦးညီလှကေ၊ ဦးခင်မောင်လှ၊ ဦးဝင်းအောင်နှင့် ကာယကံရှင်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးသာဒိုးတို့အား နိုဝင်ဘာ ၂၀ ရက်နေ့ကလည်ကောင်း၊ ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဦးမောင်လှဝင်း၊ ဦးဦးမောင်သန်းနှင့် ဦးသန်းမောင်တို့ ၃ ဦးကိုလည်းကောင်း ဆက်လက် ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

“ ကျွန်တော်တို့ အနေနဲ့ ဒီလူ  ရ ဦးကို ခေါ်သွားသူတွေက ဘယ်သူတွေလဲ၊ ဘယ်နေရာကို ခေါ်သွားတယ် ဆိုတာ မသိ၇ပါဘူး” ဟု ဦးသိန်းထွန်းက ပြောသည်။

သဲခုံကျေးရွာတွင် ကျောက်တော်မြို့မှ အိမ်ထောင်ကျနေသူ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား နိုဝင်ဘာ ၁၁ ရက်နေ့က လူတစ်စုက မတော်မတရားပြုကျင့်ခဲ့သည်ဟု ပြုကျင့်ခံရသူ ကာယကံရှင် အမျိုးသမီးငယ်က  နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောဆိုထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် ကာယကံရှင်အမျိုးသမီး မိသားစုအနေဖြင့် တိုင်ကြားထားခြင်း မရှိသေးကြောင်းလည်း သူမက ပြောကြားသည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.