Preview

မောင်တောရွှေဇားတွင် မီးလောင်မှုဖြစ်ပွား၍ ကလေးငယ်နှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ထိခိုက်ဒဏ်ရာရ

ဒီဇင်ဘာ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :2223
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား (မူဆလင်) ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွား၍ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ၁၀ နှစ်အရွယ်နှင့် ၈ နှစ်အရွယ် သားငယ်နှစ်ဦးတို့ မီးလောင်ဒဏ်ရာရရှိသွားခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

“အိမ်က ဝါးနဲ့ဆောက်ထားတာ။ ပျဉ်ခင်း၊ သွပ်မိုးပေါ့။ အဲဒီအိမ်တစ်လုံး မီးလောင်လို့ သွားတယ်။ သားနှစ်ယောက်နဲ့ သူတို့ရဲ့ အမေဖြစ်သူက မီးလောင်တော့ အပူဟတ်ပြီး ဒဏ်ရာရသွားတယ်။ ခြေတွေ၊ လက်တွေမှာ ရသွားတာ။ ဒဏ်ရာကတော့ မပြင်းဘူးပေါ့။ ထမင်းချက်နေတုန်း မီးလောင်တာပါ။ ထင်းနဲ့ချက်တာ သူတို့မှာ။ မီးလောင်တာနဲ့ ကျွန်တော်တို့ မီးသတ်က သွားပြီး မီးငြိမ်းပေးခဲ့ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသွားသူ အမျိုးသမီး၏ နေအိမ် ပျက်စီးသွားကာ ဆုံးရှုံးမှုတန်ဖိုး ၃ သိန်းခွဲရှိကြောင်း ၎င်းက ပြောဆိုသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆိုပါ ဒဏ်ရာ၇သူ ၃ ဦးအား ဂရုဏာကွန်ယက် လူမှုကူညီရေးအသင်း (မောင်တော)၏ အကူညီဖြင့်  မောင်တောဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိ၇သည်။
ဓါတ်ပုံ-ဖေ့စ်ဘုတ်

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.