Preview

မောင်တော- ရွှေဇားတွင် အရက်မူး၍နေအိမ်ကိုမီးရှို့ရာက မီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :1423
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၅/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ကပ္ပကား (မူဆလင်) ကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညဉ့်အချိန်က မိမိနေအိမ်ကိုမီးရှို့မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၄ ရက်နေ့ ညဉ့် ၁၀ နာရီခန့်က အသက် ၂၅ နှစ်အရွယ် အာမတ်တူလောက်သည် အရက်မူးကာ ၄င်း၏ နေအိမ်ကို မီးရှို့လိုက်မှုကြောင့် ထိုသို့ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

“အရက်မူးပြီး သူ့အိမ်ကို သူမီးရှို့လိုက်တာပေါ့။ အဲဒီသူ့အိမ်အပါအဝင် အနီးတဝိုက်မှာရှိတဲ့ အိမ် ၄ လုံး ပြာကျသွားတယ်။ လူအထိခိုက်တော့ မရှိဘူး။ မီးရှို့တဲ့သူက ထွက်ပြေးသွားတယ်။ ရဲတွေလည်း လိုက်ရှာနေကြတယ်။ ရှာလို့တော့ မတွေ့သေးဘူးပေါ့နော်။ နေအိမ်တွေကတော့ ဝါးနံရံကာ၊ ဓနိမိုးတွေပါ” ဟု နိရဥ္စရာသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၄ လုံးဆုံးရှုံးမှုတန်ဖိုးမှာ တစ်သိန်းနှစ်သောင်းခန့်ရှိပြီး မီးလောင်မှုကြောင့် လူအထိခိုက်မရှိဟု ဦးထွန်းရွှေခိုင်က ဆက်ပြောသည်။

မီးလောင်မှုဖြစ်သည်ဟု သတင်း၇သည်နှင့် ညဉ့် ၁၀ နာရီကျော်တွင် မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားရောက်ကာ မီးများအား ငြိမ်းသတ်ပေးခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ရွှေဇားကျေးရွာတွင် ထမင်းချက်နေရာမှ မီးလောင်ကျွမ်းမှုဖြစ်ကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ၁၀ နှစ်အရွယ်နှင့် ၈ နှစ်အရွယ် သားငယ်နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိ၇သည်။

Photo -Rakhine Fire Force

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.