Preview

ငပလီမြို့ ဂျိတ္တောတွင် ဓားထိုးမှုဖြစ်

ဒီဇင်ဘာ ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :10544
မှုခင်း သတင်း

သျှင်မင်းဇံ

နိရဥ္စရာ၊ ဒီဇင်ဘာလ ၅ / ၂၀၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ္တောအကွက် (ရ)တွင် ယနေ့ညနေပိုင်းက ဓားထိုးမှုဖြစ်ပြီး တစ်ဦးဒဏ်ရာရရှိကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဓားထိုးခဲ့ရသူမှာ ဂျိတ္တောအကွက် (၇) နေသူ အသက် (၄၅) နှစ်ခန့်အရွယ်ရှိ ဂျိုကာဆိုသူ ဖြစ်ကြောင်း ဂျိတ္တော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက အတည်ပြုပြောကြားသည်။

“ ဒီနေ့ ညပိုင်း ၆ နာရီခန့်က အချင်းချင်း ရန်ဖြစ်ရာက အရှည် ၆ လက်မရှိတဲ့ ဓားနဲ့ ထိုးတာလို့ သိရတယ်။ အချင်းချင်းရန်ဖြစ်လို့ ဖြစ်တာလို့ ထိုးတာလို့ သိရတယ်။ တရားခံကိုတော့ ဖမ်းမိထားတယ်"ဟု ပြောသည်။

ဂျိတ္တောစခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးက ဖြစ်စဉ်အား အတည်ပြုပြီး လက်ရှိ တရားခံကို စစ်ဆေး မေးမြန်းနေကြောင်း ပြောကြားသည်။

ဓားထိုးခံရသူ ဂျိုကာမှာ ဒဏ်ရာပြင်းထန်သဖြင့် သံတွဲဆေးရုံတွင် အော်ပရေးရှင်းခန်းတွင် ကုသနေကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.