Preview

မလေးရှားသွားမည့် ၇ခိုင်ပြည်နယ်မှ မူဆလင်၉၉ဦးကို ရန်ကုန်ရွှေပြည်သာတွင် ဖမ်းဆီးမိဟုဆို

ဇန်နဝါရီ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :7137
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၇ / ၂၀၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့က ၇ခိုင်ပြည်နယ်မှလာသော မူဆလင် ၉၉ ဦးအား ဖမ်းဆီးရမိကြောင်း ရွှေပြည်သာမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးတင်မောင်လွင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ကျနော်တို့ စခန်းနားက ဘုရင်နောင်လမ်းမက မသင်္ကာဖွယ်လူတစ်ယောက်အိမ်ကို ကျနော်တို့ စစ်တယ်။ အဲဒါကနေပြီးတော့ကွင်းဆက်တွေ၊ ကွင်းဆက်တွေဖမ်းမိတာပါ” ဟု ဒုရဲမှူးတင်မောင်လွင်က ပြောသည်။

ဖမ်းဆီးခံ၇သူများမှာ အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၉၉ တို့ဖြစ်ပြီး ၄င်းတို့မှ ၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်တော်စသော မြို့နယ်အသီးသီးမှ လာကြသူများဖြစ်ကြောင်း၊ ၄င်းတို့မှာ မလေးရှားကို သွားရန်အတွက် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။

၎င်းတို့ ၉၉ ဦးအား ရွှေပြည်သာ တက္ကသိုလ်သို့ ပို့ဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး သူတို့နှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို တိတိကျကျ ပြောဆို၍ မရသေးကြောင်းနှင့် သူတို့အား သယ်ဆောင်သည့်လူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

ရွှေပြည်သာမြို့၊ (၂) ရပ်ကွက်၊ စကားဝါလမ်း၊ အိမ်အမှတ် ၃၁/၁၇၄အိမ်မှ  ၁၉ ဦးနှင့် (၃)ရက်ကွက် ဘုရင့်နောင်လမ်းမှ ၈၀ ဦးတို့ကို ဖမ်းဆီးမိ်ကြောင်း ရွှေပြည်သာ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးစံက ပြောသည်။

“ကျနော်တို့ဆီမှာ ဖမ်းမိတာကတော့ မိန်းကလေး ၁၀ ယောက်၊ ယောကျာ်းလေး ၉ ယောက်ဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ တခြားရပ်ကွက်တွေက ဖမ်းမိတာပါ”ဟု ဦးစိုးစံကပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.