Preview

စစ်တွေရွှေပြားဆိပ်ကမ်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ

ဇန်နဝါရီ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :10244
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၂/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေပြားရပ်ကွက် အရှေ့ဘက် (BOC) ဆိပ်ကမ်းတွင် လူသေအလောင်း တစ်လောင်းကို ယနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း သိရှိ၇သည်။

သေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ကိုမောင်မောင်သန်း အသက် (၂၀) ကျော် အရွယ်ဖြစ်ပြီး ၄င်းမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်းလည်း မိခင်ဖြစ်သူ ဒေါ်ဦးစိန်မြက ပြောသည်။

ကိုမောင်မောင်သန်းသည် လွန်ခဲ့သော ၂ ရက်ခန့်ကနေ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယခု သူ၏အလောင်းအား တွေ့ရှိချိန်တွင် လက်နှစ်ဖက်ကိုလည်း နောက်ပြန်ကြိုးတုတ်ပြီး ချည်နှောင်ထားသလို့ ခြေထောက် နှစ်ဖက်ကိုလည်း ချည်နှောင်ထားသည်။ ၄င်းအပြင် ပါးစပ်အားလည်း အဝတ်စဖြင့် ပိတ်ထားပြီး မျက်နှာတွင် ပြတ်ချဒဏ်ရာများနှင့် ဘယ်ဖက်ခြေကျင်းဝတ်တွင်လည်း ပြတ်ချဒဏ်ရာ တစ်ချက်ပါရှိကြောင်း သိရှိ၇သည်။

ယခုလိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုကို ရရှိလိုကြောင်း သေဆုံးသွားသူ၏ မိခင်ဖြစ်သူက ပြောသည်။

၄င်းမှုခင်းကိစ္စများနှင့်ပတ်သက်၍ စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူးထွန်းထွန်းအားဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သူမသိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.