Preview

ဘူးသီးတောင် စစ်ဘေးရှောင်စခန်းတစ်ခုတွင်ကိုရင်ကြီးတစ်ပါးကြိုးဆွဲချသေဆုံး

ဇန်နဝါရီ ၁၉/ ၂၀၂၁ | ကြည့်ရှုသူ :1112
မှုခင်း သတင်း

ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ ၁၉၂၀၂၁

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုရင်ကြီးတစ်ပါး ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းကိုရင်ကြီးမှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ရန်အောင်မြေ စစ်ပြေးရှောင်စခန်းတွင် သီတင်းသုံးနေသူ ၀ဏၰဓဇ (၃၂)နှစ်ဖြစ်ကြောင်း၊ လူနာမည်မှာ ဦးကျော်မောင်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်ကြောင်း ရန်အောင်မြေကျောင်းထိုင်ဆရာတော် ဦးႏၵဝံသ မိန့်ကြားသည်။

ဒီကိုရင်ကြီးက ၇ဟန်းဝတ်တာ တစ်လလောက်ဘဲရှိသေးတယ်။ ကလေးတစ်ယောက် လာပြောမှ ကိုရင်ကြီးကြိုးဆွဲချ သေဆုံးတာကို သိရတာ။ သူက လူဝတ်နဲ့တုန်းက စီးပွားပျက်၊ မိန်းမနဲ့ကွဲသွားတော့ မိသားစုဝင်တွေက စိတ်သက်သာရအောင် ရဟန်းလာဝတ်နေတာ။ အခုတော့ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ဘဲ ပြော၇မှာပေါ့” ဟု ဆရာတော် မိန့်ကြားသည်။ 

သေဆုံးသွားသူ ကိုရင်ကြီး၏ ဇာတိမှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင် ကျေးရွာဇာတိဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူဖြစ်ကြောင်း သိ၇သည်။

ကိုရင်ကြီးသည် ဘုန်းကြီးကျောင်းဆွမ်းချက်ဆောင် ခေါင်းမိုတန်းကို သင်္ကန်းစကို ကြိုးအဖြစ် အသုံးပြုပြီး ကြိုးဆွဲချသွားခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

ကိုရင်ကြီး ဝဏ္ဍဓဇ ကြိုးဆွဲချ သေဆုံးသွားကြောင်းကို အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက အတည်ပြုသည်။

“  အဲဒီကိုရင်ကြီးက လူဘ၀တုန်းက အိမ်ထောင်ကွဲခဲ့တယ်။ အဲသလိုကွဲတာ ၂ နှစ်လောက်ရှိနေပြီ ထင်ပါတယ်။ ကြိုးဆွဲချ သေဆုံးပြီးတဲ့နောက်မှာ ရုပ်အလောင်းကို နာရေးကားနဲ့ ဆေးရုံကို ယူသွားတယ်။ သူက ရောဂါတွေ ဘာတွေဖြစ်တာလည်း မရှိပါဘူး။ ဘာကြောင့် ခုလို သေကြောင်းကြံသွားတယ်ဆိုတော့ ဘယ်သူမှ တိတိကျကျ မသိပါဘူး “ ဟု ပြောဆိုသည်။ 

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးလှသိန်းလည်း ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.