Preview

မောင်တောမြို့နယ် သာစည်ကုန်းကျေးရွာ ဈေးတန်းမီးလောင်၍ ဆိုင်ခန်း (၂၁)ခန်းပျက်စီး

ဖေဖော်ဝါရီ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :8640
မှုခင်း သတင်း

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၁

၇ခိုင်ပြည်နယ် မောင်တောမြို့နယ်မှ (၈)မိုင်ခန့်အကွာရှိ သာစည်ကုန်းကျေးရွာ၊ ကျောက်လှေကားဈေးတန်း၌ မီးလောင်မှုဖြစ်၍ ဈေးဆိုင်ခန်းပေါင်း (၂၁)ခန်း မီးလောင်ပျက်စီးဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ အရုဏ်တက်ချိန် ၃ နာရီကျော်ခန့်တွင် အဆိုပါဈေးတန်းရှိ လက်ဖက်ရည်ဆိုင်၏ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိဝါးနံရံအား မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

ဦးထွန်းရွှေခိုင်က ̏ မီးလောင်တဲ့အခါ လူတွေပါသွားတာမျိုး ထိခိုက်ဒဏ်ရာရတာမျိုးတွေ မရှိဘူးဗျာ။ ကျနော်တို့ မီးသတ်ရုံးနဲ့ အဲဒီရွာနဲ့ ဝေးဆိုတော့ သွားရတာ နည်းနည်းအခက်ခဲရှိတာပေါ့။ ကျနော်တို့ မီးသတ်ကား လေးစီးနဲ့ မီးငြိမ်းအောင်ထိ လုပ်နိုင်ခဲ့တယ်။ ̋ ဟုပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ကျပ် ၁၆ သိန်းကျော်ဖိုးဆုံးရှုံးခဲ့သည်ဟုလည်း သိ၇သည်။

အဆိုပါမီးလောင်မှုကိစ္စနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသော လက်ဖက်ရည်ဆိုင်ပိုင် ဦးရှောင်ရှုအာလောင်အား ပေါ့ဆမီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် ပြင်ဖြူနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟုလည်း မောင်တောမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိ၇သည်။
ဓာတ်ပုံ - Rakhine Fire Force

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.