English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၃ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် မီးလောင်မှုကြောင့် ကြက်ခြံ(၁)ခြံနှင့် လူနေအိမ် (၅)လုံးပျက်စီး
ဖေဖော်ဝါရီ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :2471
မှုခင်း သတင်း
သျှင်မင်းဇံ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈ / ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက်(၉)ရှိ တက္ကသိုလ်ရိပ်သာလမ်းတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကြက်ခြံ(၁)ခြံနှင့် လူနေအိမ် (၅)လုံး ပျက်စီးသွားကြောင်း သိ၇သည်။
ဖြစ်စဉ်မှာ မူဆလင်များနေထိုင်သည့် မကျည်းမြိုင်ရပ်ကွက် အကွက်(၉)တွင် ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ည ၉ နာရီခန့်က ဦးအာလီပိုင်ဆိုင်သော ကြက်မွေးမြူရေးအရောင်းဆိုင်၌ ကြက်များအား အမွှေးနှုတ်ရန် ရေနွေးအိုးတည်ထားသည့်ထင်းမီးဖိုမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်ရာမှတဆင့် ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယင်းရပ်ကွက်ရာအိမ်မှူးလည်းဖြစ်၊ မီးလောင်သည့်နေရာနှင့်အိမ်နီးနားချင်းလည်းဖြစ်သူ ဦးဇော်မျိုးလင်း(ခေါ်)လင်းလင်းက နိရဥ္စရာကို အတည်ပြုပြောသည်။
"အဲဒီ ကြက်ခြံက စလောင်တာပေါ့။ စလောင်တာနဲ့ ကျွန်တော်တို့လည်း မီးသတ်ကို သတင်းချက်ချင်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် အရမ်းကပ်နေတော့ ချက်ချင်းကူးသွားပါတယ်။" ဟု ၎င်းက ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် (၂၅×၅၀)ပေရှိပြီး ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်းထားသည့် ကြက်မွေးမြူရေးအရောင်းဆိုင် (၁)ဆိုင်နှင့် လူနေအိမ်(၅)လုံး မီးလောင်ရှုံးဆုံးကာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၃၁ သိန်းဖိုးရှိခဲ့သည်ဟု ၇ခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီးဘေးဒုက္ခသည် ၃၂ ဦး (ကျား ၁၆ ဦး၊ မ ၁၆) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ပြီး ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိသည်ဟုလည်း ဆိုသည်။
အဆိုပါမီးလောင်မှုအား စစ်တွေခရိုင်/ မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အားလုံးခန့်နှင့် အရန်မီးသတ်စခန်းမှ မီးသတ်ကားတစ်တို့ သွားရောက်ခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးခန့်နှင့် ရွာသားများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ယင်းနေ့ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိ၇သည်။
မီးစတင်လောင်ကျွမ်းခဲ့သည့်ကြက်ခြံပိုင်ရှင်သည် လက်ရှိတွင် ထွက်ပြေးသွားသော်လည်း သူ့အား မင်းဂံနယ်မြေရဲစခန်းတွင်အမှုဖွင့်ထားသည်ဟု သိ၇သည်။
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.