Preview

ရည်းစားနှင့်ချိန်းတွေ့နေသူကို ဖုန်းတောင်းမရ၍ ဓါးဖြင်ထိုး

ဖေဖော်ဝါရီ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :10432
မှုခင်း သတင်း

ဆောင်းဇာခြည်

နိ၇ဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/ ၂၀၂၁

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်ကသမီးရည်းစားချိန်းတွေ့နေသူ တစ်ဦးထံမှဖုန်းကိုတောင်း၍ မ၇သဖြင့် အမည်မသိသူ တစ်ဦးမှ ဓါးဖြင့်ထိုးသွားသည့် ဖြစ်စဉ် စ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မင်းဂံရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မောင်----မှာသူ့၏ ရည်းစားနှင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်း၌ စစ်တွေမြို့ရှိ ကန်တော်ကြီးတွင်ချိန်းတွေ့နေစဉ် အမည်မသိသူတစ်ဦးက လာရောက်ကာ ဖုန်းကို တောင်းပြီး ဖုန်းတောင်းမရရာမှ မောင်----- အားဓါးဖြင့် ထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ကိုသာဂီလင်းကပြောသည်။

သူတို့က ချိန်းတွေ့နေကြတာပေါ့နော်။ အဲဒီမှာ တခြားကောင်လေးတစ်ယောက်ကလာပြီး အဲဒီ ကောင်လေးကိုအကူညီတစ်ခုတောင်းလို့ရမလားပြောတယ်ပေါ့။ ဟိုကလည်း ဘာကူညီပေးရမလဲဆိုတော့ အကို့ရဲ့ ဖုန်းခဏပေးပါလားဆိုတော့ ကောင်လေးက မပေးဘူးလို့ပြောတယ်။။ အဲဒီမှာ မပေးတော့ ဓါးနဲ့ ထိုးပစ်ခဲ့တာပါဟု ပြောသည်။

၎င်းဓားထိုးခံရသည့် လူငယ်တွင် ဝမ်းဗိုက်ဘေးဘက်ပေါက် ဒဏ်ရာရသွားပြီးဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိ၇သည်။

အဆိုပါ အမည်မသိလူမှာ ဓါးဖြင့်ထိုးပြီးနောက် ထွက်ပြေးသွားသဖြင့်မဖမ်းမိလိုက်ကြောင်း ယင်းအနီးအနားရှိ ပတ်ဝန်းကျင်မှ ဒေသခံများ ပြောပြချက်အရ သိ၇သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ တရားခံကိုတော့ မဖမ်းမိသေးဘူး။ တရားခံက ဘယ်ကမှန်းလည်း မသိဘူး။ဟု ပြောသည်။

ဒဏ်ရာရ လူငယ်အား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကားဖြင့်ယင်းနေ့ ညနေပိုင်းက စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိ၇သည်။

ဓါတ်ပုံ-ရွှေရောင်မတ္တာဖောင်ဒေးရှင်း

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.