ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ဂွမြို့၊ မြိုမရပ်ကွက်တွင် အသက်(၁၁) နှစ်အရွယ် ယောကျာ်းငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ရန်ကြံရွယ်သူ အသက်(၂၁)နှစ်အရွယ် လူငယ်တစ်ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။
မတ်လ ၄ ရက်နေ့လယ် ၁ နာရီခန့်က ၎င်းကလေးငယ်အားရိုက်နှက်၍ အဓ္ဓမပြုကျင့်ရန် ကြံရွယ်ခဲ့ကြောင်း၊ ကလေးငယ်မှာအသက်(၁၁)နှစ်ဖြစ်ပြီး ပြုကျင့်ရန်ကြံစည်သူမှာ ရွာမရပ်ကွက်မှ အသက် (၂၁)နှစ် အရွယ်အမျိုးသားဖြစ်ကြောင်းမြို့မရပ်ကွက် ရွာလူကြီး တစ်ဦးကပြောသည်။
“ ကျွန်တော်ရောက်သွားတော့ ကလေးကဆေးရုံရောက်သွားပြီ။ ခေါင်းကွဲသွားတယ်လို့သိရတယ်။ တစ်ခြားဘယ်နေရာမှာ ဒဏ်ရာရတယ်ဆိုတာတော့ အတိအကျမသိဘူး။ကလေးက နှစ်ယောက်ကို ခေါ်သွားတာ။ နောက်တစ်ယောက်က ထွက်ပြေးလာတာလို့ သိ၇တယ်”ဟုပြောသည်။
အဓ္ဓမပြုကျင့်ရန်ကြံရွယ်ခံ၇သည့်ကလေးငယ်မှာ နောက်ထပ် အသက်(၉)နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့်အတူ စွန့်ပစ်ပစ္စည်း၊ပလက်စတိတ် ကောက်နေစဉ် ပြစ်မှုကျူးလွန်သူဟု ယူဆ၇သူ အသက်(၂၁) နှစ်အရွယ်အမျိုးသား က ထိုးကြိတ်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဂွမြို့ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက နိ၇ဉ္စရာ သတင်းဌာနအားပြောသည်။
“သူ့ကို ဦးခေါင်းကို လက်သီးနဲ့ထိုးပြီး မြို့မရပ်ကွက်မှာပွဲတွေလုပ်တဲ့ ဇာတ်စင်ရှိတဲ့အောက်ကို ခေါ်သွားတာ။ နောက်ကလေးတစ်ယောက်က ဟိုကောင်လေးကိုခေါ်သွားတော့ သူကလည်း ကလေးဆိုတော့ ဘာမှမလုပ်နိုင်တော့ ကျူးလွန်ခံရတဲ့ ကောင်လေးတို့အိမ်မှာလာတိုင်တယ်လို့ သိရတယ်။ ကလေးက အခုဆေးရုံမှာ ဆေးစစ်ချက်ယူနေပါတယ်။ ဒီကောင်က ကြံရွယ်တာပေါ့။ဟိုလိုတော့ မမြောက်ဘူးဗျ။ သူ့အင်္ဂါကတော့ ဆရာဝန်က ဆေးစာယူဖို့လုပ်နေတယ်။ အတိကျတော့မသိ၇သေးဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂွမြို့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်အား မေးမြန်းရာ ကျူးလွန်ခံရသည့်ကလေးငယ်မှာ ဂွမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ၄င်းတို့အနေဖြင့် ကလေးငယ်မှာအဓ္ဓမပြုကျင့်ခံခဲ့ရသည်လားဆိုသည့် မေးခွန်းကို ဖြေကြားခွင့်မရှိကြောင်းပြောသည်။
“ ကလေးက ခေါင်းကွဲလာတာဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောပြခွင့် မရှိပါဘူး။ တရားရုံးရောက်မှ ဆေးစာကို တင်ပြခွင့်ရှိပါမယ်”ဟုပြောသည်။
မြန်မာနိုင်ငံတွင်နှစ်စဉ်ကလေးသူငယ်များ အဓ္ဓမပြုကျင့်ခံ၇သည့် ၂၀၂၀ ပြည့်နှစ်အတွင်း သက်ငယ် မုဒိမ်းမှုများသိသိသာသာမြှင့်တက်ခဲ့ပြီးယင်းအထဲတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့နှင့်အတူ ၇ခိုင်နှင့် မွန်ပြည်နယ်တို့တွင်လည်းဖြစ်ပွားမှုများရှိခဲ့ကြောင်းဥပဒေရေးရာအကူအညီပေးနေသည့် အဖွဲ့၏ ထုတ်ပြန်ချက်များအရသိ၇သည်။
ဥပဒေကုစားရေးအဖွဲ့မြန်မာ(LegalClinic Myanmar)၏အချက်အလက်အ၇၂၀၂၀ ပြည့်နှစ်အတွင်း ၄င်းတို့အဖွဲ့အားအကူအညီတောင်းခံခဲ့သည့် အမှုများထဲတွင် မုဒိမ်းမှု ၁၂၄ မှုရှိခဲ့ကာ ယင်းအထဲတွင် ၁၁၅မှုမှာ သက်ငယ်မုဒိမ်းမှုဖြစ်ကြောင်း သိ၇သည်။