ဇွဲဓန (ကိန်းသာမြေ)၊ ကိုကိုတိုး
နိ၇ဉ္စရာ၊မတ်လ ၆ / ၂၀၂၁
၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့ ၊ ချောင်းကောက်ရပ်ကွက်တွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ကလောင်ကျွမ်းခဲ့သော လူနေအိမ်သုံးလုံးနှင့် စာသင်ကျောင်းက ကျောင်းအုပ်ဆရာမကြီးရုံးခန်းတစ်ခန်း ဆုံးရှုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်သွားသော အိမ်များမှာ ဦးကျော်ကျော်နိုင်၊ ဦးတင်မိုးနှင့် ဦးဝင်းတင်တို့ အိမ်များဖြစ်ကြပြီးကျောင်းရုံးခန်းမှာ အမှတ်(၂) အမက စာသင်ကျောင်းမှကျောင်းအုပ်ဆရာမကြီး ရုံးခန်းဖြစ်ကြောင်း တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ဝင်းက ပြောသည်။
“ မီးလောင်သွားတဲ့ အိမ်က သုံး လုံးဖြစ်တယ်။ ပြီးတော့ စာသင်ကျောင်းက ရုံးခန်းတစ်ခန်း ပါသွားတယ်။ မီးစလို့လောင်တာက ထမင်းချက်တဲ့ မီးလက်ကျန်တွေက လောင်တာလို့ပြောကြတယ်။ ဆုံးရှုံးသွားတဲ့တန်ဖိုးကို ကျနော်လည်း မသိဘူးဗျာ။ အိမ်သုံးလုံးမှာ နှစ်လုံးက အကုန်လုံး မီးလောင်ကျွမ်းသွားတယ်။ ကျန်တစ်လုံးကတော့ တစ်ဝက်လောက်ပဲ မီးလောင်သွားတယ်။ ပြီးတော့ စာသင်ကျောင်းက ရုံးကတော့ အကုန်လုံး မီးလောင်းသွားတယ်”ဟု ပြောသည်။
မီးလောင်သွားသော လူနေအိမ်အဆာက်အဦးတို့၏ ဆုံးရှုံးမှုတန်ဖိုးအားတွက်ချက်နေတုန်းဖြစ်၍ မသိရှိ၇သေး ကြောင်း တောင်ကုတ်မြို့က မီးသတ်ဦးစီး ဆွေလင်းမောင်က ပြောသည်။
၎င်းမီးမှာ နေ့လယ် ၁၂ နာရီက စတင်လောင်ခဲ့ခြင်း ဖြစ်ပြီးတောင်ကုတ်မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်ကားဖြင့်ငြိမ်းသတ်ရာ နေ့လယ် ၂ နာရီတွင် မီးငြိမ်းသွားသည်ဟု သိ၇သည်။