Preview

မင်းပြားမြို့နယ်မှ ပျောက်ဆုံးနေသည့် အထက်တန်းပြ ကျောင်းဆရာတစ်ဦးအား ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

မတ် ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :777
မှုခင်း သတင်း

ဇွဲဓန (ကိန်းသာမြေ)
နိရဉ္စရာ၊ မတ်လ ၇ / ၂၀၂၁
မင်းပြားမြို့နယ် ကေချောင်း၀ကျေးရွာမှ ပျောက်ဆုံးနေသော အထပြ ကျောင်းဆရာတစ်ဦးအား ယနေ့ နံနက် ၁၀ နာရီခန့်က ဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိပြီးနောက် မင်းပြားဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။
ပျောက်ဆုံးသွားသော ကျောင်းဆရာမှာ ကေချောင်း၀ကျေးရွာမှ ဇာတိဖြစ်ပြီး ကြိမ်ချောင်း အထက(ခွဲ) တွင် တာဝန်ထမ်းဆောင်နေသူ အထပြ ကျောင်းဆရာ ဦးလှဋ္ဌေး (အသက် ၂၉ နှစ်) (ဘ) ဦးမောင်သိန်းရွှေ၏သား ဖြစ်သည်။
၄င်းအား ယနေ့နံနက်က ဖားပြိုချောင်းတံတားအနီး၌ ရှာတွေ့ခဲ့ပြီး လက်နှစ်ဖက်တွင် ဒဏ်ရာများ၊ ခြေထောက်တွင် ဒဏ်ရာများတွေ့ရှိ၇ကြောင်း ဖခင်ဖြစ်သူက ပြောသည်။
“ကျနော် မနေ့က တစ်နေကုန် သူ့ကိုလိုက်ရှာတယ်။ မတွေ့ခဲ့ဘူး။ ဒီနေ့ ထပ်ရှာဆိုတော့ သူ့ဆိုင်ကယ်ကို ဖားပြိုချောင်းတံတားအနားမှာ တွေ့တယ်။ ပြီးတော့ အဲဒီပတ်ဝန်းကျင်မှာ သူ့ကိုတွေ့တယ်။ သူ့ကို ကျနော်တွေ့တဲ့အချိန်မှာ ဒဏ်ရာတွေ့နဲ့ ဖြစ်နေတယ်။ လက်နှစ်ဖက်စလုံး လက်ကောက်ဝက်မှာ ဒဏ်ရာတွေနဲ့ တွေ့တယ်”ဟု ပြောသည်။
၎င်းသည် မင်းပြားမြို့နယ် ကေချောင်း၀ကျေးရွာမှ ၂၀၂၁ ခုနှစ်မတ်လ ရ ရက်နေ့ နံနက်က ရ နာရီကနေ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်သိန်းရွှေက ပြောသည်။
“ သူ့ဘယ်လို ဖြစ်သွားတာလဲဆိုတာကို ကျနော် အခုထိ မသိသေးဘူး။ သူက ဒဏ်ရာတွေနဲ့ဆိုတော့ ပင်ပန်းနေတယ်။ မေးလို့အဆင်မပြေသေးဘူး။ သတိတော့ ၇နေပြီ။ ဘယ်သူလုပ်တယ်။ ဘယ်သူခုလို လုပ်သွားတယ်ဆိုတာကို ကျနော်လည်း မသိဘူး။ ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုလည်း ကျနော်မသိဘူး” ဟု ပြောသည်။
၎င်းကျောင်းဆရာမှာ အိမ်ကိုပြန်မလာတော့ဟု ပြောဆိုပြီး ထွက်သွားပြီးနောက် ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံတွေ့၇ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ မနေ့နံနက်က ကျနော်သားက အိမ်ကထွက်သွားတယ်လို့ ကျနော်ရဲ့ ချွေးမက ဖုန်းဆက်ပြီးပြောတယ်။ ကျနော်နဲ့တော့ တစ်အိမ်တည်းနေတာ မဟုတ်ဘူး။ သူက ယောက္ခမ အိမ်မှာနေတာပါ။ ကျနော်ကိုတော့ မနေ့ နံနက် ၁၁ နာရီလောက်က ဖုန်းခေါ်ပြီးပြောခဲ့တယ်။ ပြောခဲ့တာက အိမ်မှာလည်း မနေချင် တော့ဘူး။ ကျောင်းဆရာလည်း မလုပ်ချင်တော့ဘူးလို့ ပြောခဲ့တယ်။ အိမ်ကိုလည်း ပြန်မလာ တော့ဘူးလို့ ပြောခဲ့သေးတယ်။ ကျနော်လည်း သူ့ကို ဘာကြောင့်လဲလို့ မေးတယ်။ သူ့ကို လိုက်မရှာနဲ့ ဆိုပြီး ဖုန်းချသွားခဲ့တယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။
၄င်းကျောင်းဆရာသည် ယခုလက်ရှိ မင်းပြားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.